မြင်းခွာရွက်ကို သုပ်စား ချက်စား အမျိုးမျိုး လုပ်စားကြပါတယ်။ မြင်းခွာရွက်ကိုတော့ မြန်မာတိုင်း သိကြပါတယ်။ မြေကြီးမှာ ကပ်ပေါက်ပါတယ်။ မြင်းခွာရွက်လို့ပြောလိုက်တာနဲ့ မျက်လုံးအားကောင်းစေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါတင်မကသေးပါဘူး။ တခြားအကျိုးကျေးဇူးတွေများစွာရှိနေပါသေးတယ်နော်။

ပါဝင်တဲ့ အဟာရ

de-nouvelles-ressources-moleculaires-pour-l-etude-d-une-plante-medicinale-centella-asiatica

သံဓါတ် ကယ်လ်ဆီယမ်၊ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်ပြီး သတ္တုဓါတ်များစွာပါဝင်ပါတယ်။

အကျိုးကျေးဇူး

၁။ မှတ်ဉာဏ်တိုးတက်စေတယ်

Naturo-420x252

မြင်းခွာရွက်ကို ပုံမှန်စားပေးမယ်ဆိုရင် ကိုယ်ခံစားစနစ် မြှင့်တင်ပေးနိုင်ပြီး မှတ်ဉာဏ်စွမ်းရည်တိုးတက်စေပါတယ်။ မြင်းခွာရွက်ကို နေပူမှာမဟုတ်ဘဲ နေရိပ်တဲ့နေရာမှာ အခြောက်ခံ အမှုတ်ကြိတ်ပြီး လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ပျားရည်နဲ့ ရောသောက်ပေးရင် မှတ်ဉာဏ်အတွက်ကောင်းပါတယ်။

၂။ အဖျားပျောက်စေတယ်

မြင်းခွာရွက်ကို စားပေးရင် ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး အဖျားလည်း သက်သာစေပါတယ်။ ဖျားနေတဲ့ချိန်မှာ မြင်းခွာရွက်ကို ဟင်းရည်ချက်သောက်ရင် အဖျားပျောက်မြန်ပါတယ်။

၃။ အရေပြားရောဂါကာကွယ်ပေးတယ်။

1483401601794

မြင်းခွာရွက်ကို ပုံမှန်စားပေးရင် အရေပြားရောဂါ ကြိုပြီး ကာကွယ်ပေးရာရောက်ပါတယ်။

၄။ အဆိပ်အတောက်ကင်းစင်စေတယ်

ဗီတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကိ ုဖယ်ရှားပေးပါတယ်။ လေဖြတ်တာ၊ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေါ်နိုင်ပါတယ်။

၅။ အမြင်အာရုံတိုးတက်ကောင်းမွန်စေပြီး ရောင်ရမ်းမှုကိုသက်သာစေတယ်

မြင်းခွာရွက်ကိုပုံမှန်စားပေးရင် အမြင်အာရုံတိုးတက်ကောင်းမွန်စေပြီး မျက်ကွင်းညိုတာ မျက်ကွင်းရောင်တာတွေကိုလည်း သက်သာစေပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။

၆။ ဆီးချို

indian pennywort 2

ဆီးချိုသမားတွေလည်း မြင်းခွာရွက်ကို စားပေးလို့ရပါတယ်နော်။ မြင်းခွာရွက်ဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ချပေးနိုင်ပါတယ်။

၇။ သွေးအားနည်းခြင်းကို သက်သာစေပါတယ်။

သံဓါတ်ပါဝင်ပြီး သွေးအားနည်းရောဂါဖြစ်တာကို သက်သာစေပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး သွေးရောဂါအမျိုးမျိုးအတွက် အထူးသင့်တော်ပါတယ်။

တခြားအကျိုးကျေးဇူးတွေ

မြင်းခွာရွက်ကို ဆီးချုပ် ဝမ်းချုပ်အတွက်လည်း စားသုံးပေးနိုင်သလို ငှက်ဖျားလည်းသက်သာစေပါတယ်။ မျက်စိနာရင် မြင်းခွာရွက်ကို ဂျင်းစိမ်းနဲ့ရောကြိတ်ပြီးစားပေးနိုင်ပါတယ်။ အားအင်လည်းတိုးစေပါတယ်။ တခြားအကျိုးကျေးဇူးတွေလည်းရှိနေပါသေးတယ်။ ဒါ့ကြောင့် မြင်းခွာရွက်ကို စားသုံးပေးသင့်ပါတယ်။