ရှေးယခင်က မြန်မာဆေးဖော်စပ်ရာမှာ အသုံးပြုခဲ့ကြပြီး ယခုဆိုရင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ထည့်သွင်းအသုံးပြုလာကြတဲ့ အပင်တစ်မျိုးပါ။ ဂျင်း၊ နနွင်းတို့လို မြေအောက်မှာပေါက်ရောက်တဲ့ ပင်စည်ပွားအမျိုးအစား ဖြစ်ပါတယ်။

ကျိုးကျေးပဒဲကောကို ကြားဖူးတဲ့သူလည်း ကြားဖူးကြမှာဖြစ်သလို ဟင်းလျာတွေမှာ ထည့်ချက်စားတဲ့သူတွေလည်း ထည့်ချက်စားဖူးကြပေမယ့် အဇူးတွေ ဘယ်လောက်များတယ်ဆိုတာကို တွေးမိချင်မှတွေးမိပါလိမ့်မယ်။ တရုတ်တို့ရဲ့ ရိုးရာဆေးအဖြစ် ပဒဲကောကိုအသုံးပြုခဲ့ကြပါတယ်။ ဒါတင်မက အရှေ့အလယ်ပိုင်းဒေသမှာလည်း ပဒဲကောကို ဆေးဝါးအဖြစ် မှီဝဲခဲ့ကြတာပါ။

Source: spiceography.com

ပဒဲကောအမြစ်ကို ရေသေချာဆေးပြီး ကြိတ်ပါ။ ကြိတ်ထားတဲ့ ပဒဲကောမြစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်ကို ရေနွေးတစ်ခွက်နဲ့ ၅ မိနစ် ၁၀ မိနစ်လော်ကစိမ်ပြီး သောက်ပေးရင်လည်း ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။

ပဒဲကောကိုစားပေးတာဟာ အစာအိမ်မအီမသာဖြစ်တာ၊ အစာမကြေတာတွေကို သက်သာစေပါတယ်။

ဖျာနားခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

Source: greedygourmet.com

ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုစနစ်ကို အားကောင်းစေပါတယ်။

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်သလို သံဓါတ် ဆိုဒီယမ်နဲ့ ဗီတာမင် A,C စတာတွေအပြင် တခြားအဟာရဓါတ်တွေအများအပြားပါဝင်ပါတယ်။

Antioxidant ၄၀ မျိုးပါဝင်လို့ အရေပြားကျန်းမာရေးအတွက် အမျိုးမျိုးအသုံးပြုကြပါတယ်။

ဒါပေမယ့် အသားအရေ ဓါတ်မတည့်တာမျိုး အထိခိုက်မခံတာမျိုး ရှိတဲ့သူဆိုရင်တော့နည်းနည်းလေး အရင်စမ်းကြည့်ပြီး ကိုယ်နဲ့တည့်မှ အသုံးပြုပါ။

Source: www.vegetafruit.com