ဟင်းတွေချက်ရာမှာလည်းထည့်ချက်ပြီး အစိမ်းလိုက်လည်းစားကြသလို အမှည့်လည်းစားကြတဲ့ အသီးတစ်မျိုးပါ။ လူကြိုက်များတဲ့ မရမ်းသီးမှာ အဟာရဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ရေဓါတ်၊ ဗီတာမင် C နဲ့ အမျှင်ဓါတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပါတယ်။

Health-Benefits-of-Fruit-Gandaria-Bouea-macrophylla

အရေပြားကျန်းမာရေး

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အရေပြားကို ကျန်းမာစေပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း အသားအရေကို စိုပြေစေပါတယ်။

ကင်ဆာကာကွယ်ပေးခြင်း

ရေဓါတ်ပါဝင်မှု မြင့်မားတာဟာ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အစာအိမ်လမ်းကြောင်းမှာ ဖြစ်ပေါ်တတ်တဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် အမျှင်ဓါတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ လေ့လာတွေ့ရှိမှုအရ အမျှင်ဓါတ်စားသုံးမှုများတဲ့သူတွေဟာ အမျှင်ဓါတ်စားသုံးမှုနည်းတဲ့သူတွေထက် ကင်ဆာဖြစ်ပွားမှု လျှော့်နည်းတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် အမျှင်ဓါတ်ပါဝင်တဲ့ မရမ်းသီးဟာ ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း

marian-plum-maprang-thai-fruit-isolated-white-background-41543958

ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်ဖို့အတွက် ရေဓါတ်လိုအပ်တာကြောင့်ပါ။

ဦးနှောက်စွမ်းဆောင်ရည်

သွေးလည်ပတ်ဖို့အတွက် ရေလိုအပ်သလို ဦးနှောက်ကလည်း ရေလိုအပ်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ရဲ့ ၇၀% အတွက် ရေဓါတ်လိုအပ်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်မြင့်မားစွာပါဝင်တဲ့ မရမ်းသီးကို စားပေးသင့်ပါတယ်။

အဆုတ်လုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်း

မရမ်းသီးမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ အဆုတ်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။

လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း

လေ့လာတွေ့ရှိမှုအရ အမျှင်ဓါတ်ဟာ ကိုလက်စထရောကိုထိန်းချုပ်ပေးနိုင်သလို လျော့ပါးစေပါတယ်။ ဒါ့ကြောင့် ကိုလက်စထရော ပါဝင်မှုနည်းတာဟာ လေဖြတ်ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေး

5

အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာကို များများစားတာဟာနှလုံးရောဂါဖြစ်ပွားမှုကို ရှောင်ရှားနိုင်ပါတယ်။

ဆီးချို ဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

အမျှင်ဓါတ်နဲ့ ရေဓါတ်ပါဝင်လို့ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကျန်းမာရေး

Beta Carotene ပါဝင်လို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဗီတာမင် A ပါဝင်လို့လည်း မျက်လုံးကိုကျန်းမာစေပါတယ်။