[Unicode]

ဟော့ပေါ့ စားရင်ပဲဖြစ်ဖြစ်။ ခေါက်ဆွဲပြုတ်စားရင်ပဲဖြစ်ဖြစ် အပ်မှိုလေးကိုတော့ မဖြစ်မနေ စားလိုက်ရမှ ဆိုတဲ့ စာဖတ်သူတွေရှိမယ်ထင်ပါတယ်နော်။ ကမ္ဘာနဲပအဝှမ်းမှာ စိုက်ပျိုးထားတဲ့ အပ်မှိုအမျိုးအစားပေါင် များစွာရှိတြ့ထဲကမှ အဖြူရောင်နဲ့ အညိုဖျော့ရောင်လေးက လူကြိုက်များကြပါတယ်။ အဖြူရောင်ကိုတော့ စူပါမားကတ်တွေမှာ အများစုရောင်းချလေ့ရှိပါတယ်။

၁။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်တယ်။

အပ်မှိုမှာ Antioxidant အပါအဝင် အဟာရဓါတ်တွေများစွာပါဝင်ပါတယ်။ အပ်မှိုမှာ Amonio Acid လည်းပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်လို့ တခြားရောဂါပိုးမွှားတွေ ဝင်ရောက်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

Source: www.freepik.es

၂။ အဆီတွေကျစေတယ်

သင့်ခန္တာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ကျစေပါတယ်။ အူတွင်းမှာရှိတဲ့ အဆီတွေကို လျှော့ချပေးလို့ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

၃။ သကြားဓါတ်ကို မျှတစေတယ်။

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ကိုလက်စထရောကိုလျှော့ကျစေပါတယ်။ ဒါ့အပြင် အဲဒီအမျှင်ဓါတ်တွေက သွေးတွင်းသကြားဓါတ်ပါဝင်မှုကို ထိန်းထားပေးနိုင်ပါတယ်။

၄။ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရော လူကြီးလူငယ်တွေပါ စားသုံးပေးသင့်ပါတယ်။

၅။ မှတ်ဉာဏ်တိုးတက်စေတယ်။

အပ်မှိုမှာပါဝင်တဲ့ Amino Acid တွေက မှတ်ဉာဏ်တိုးတက်စေပါတယ်။ သင့်ကိုကျန်းမာစေမယ့်အပြင် မှတ်ဉာဏ်ကိုပါ တိုးတက်စေလို့ စားပေးသင့်ပါတယ်။

၆။ ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးတယ်။

သင့်ရဲ့ ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်လို့ အဟာရစုပ်ယူမှုကို အားကောင်းစေပါတယ်။

[Zawgyi]

ေဟာ့ေပါ့ စားရင္ပဲျဖစ္ျဖစ္။ ေခါက္ဆြဲျပဳတ္စားရင္ပဲျဖစ္ျဖစ္ အပ္မိႈေလးကိုေတာ့ မျဖစ္မေန စားလိုက္ရမွ ဆုိတဲ့ စာဖတ္သူေတြရွိမယ္ထင္ပါတယ္ေနာ္။ ကမၻာနဲပအ၀ွမ္းမွာ စိုက္ပ်ိဳးထားတဲ့ အပ္မိႈအမ်ိဳးအစားေပါင္ မ်ားစြာရွိတျ့ထဲကမွ အျဖဴေရာင္နဲ႔ အညိဳေဖ်ာ့ေရာင္ေလးက လူႀကိဳက္မ်ားၾကပါတယ္။ အျဖဴေရာင္ကိုေတာ့ စူပါမားကတ္ေတြမွာ အမ်ားစုေရာင္းခ်ေလ့ရွိပါတယ္။

၁။ ကိုယ္ခံအားစနစ္ကို ျမင့္တင္ေပးႏိုင္တယ္။

အပ္မိႈမွာ Antioxidant အပါအ၀င္ အဟာရဓါတ္ေတြမ်ားစြာပါ၀င္ပါတယ္။ အပ္မိႈမွာ Amonio Acid လည္းပါ၀င္ပါတယ္။ ကိုယ္ခံအားစနစ္ကို ျမင့္တင္ေပးႏိုင္လို႔ တျခားေရာဂါပိုးမႊားေတြ ၀င္ေရာက္ျခင္းက ကာကြယ္ေပးႏိုင္ပါတယ္။

Source: www.freepik.es

၂။ အဆီေတြက်ေစတယ္

သင့္ခႏၱာကိုယ္ထဲမွာရွိတဲ့ မလိုအပ္တဲ့ အဆီပိုေတြကို ေလွ်ာ့က်ေစပါတယ္။ အူတြင္းမွာရွိတဲ့ အဆီေတြကို ေလွ်ာ့ခ်ေပးလို႔ က်န္းမာေရးနဲ႔ ညီညႊတ္ပါတယ္။

၃။ သၾကားဓါတ္ကို မွ်တေစတယ္။

အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ ကိုလက္စထေရာကိုေလွ်ာ့က်ေစပါတယ္။ ဒါ့အျပင္ အဲဒီအမွ်င္ဓါတ္ေတြက ေသြးတြင္းသၾကားဓါတ္ပါ၀င္မႈကို ထိန္းထားေပးႏိုင္ပါတယ္။

၄။ ၀မ္းခ်ဳပ္ျခင္းကိုကာကြယ္ေပးတယ္။

အမွ်င္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ ၀မ္းခ်ဳပ္ျခင္းကိုကာကြယ္ေပးႏိုင္ပါတယ္။ အမ်ိဳးသမီးေတြေရာ အမ်ိဳးသားေတြေရာ လူႀကီးလူငယ္ေတြပါ စားသံုးေပးသင့္ပါတယ္။

၅။ မွတ္ဥာဏ္တိုးတက္ေစတယ္။

အပ္မႈိမွာပါ၀င္တဲ့ Amino Acid ေတြက မွတ္ဥာဏ္တိုးတက္ေစပါတယ္။ သင့္ကိုက်န္းမာေစမယ့္အျပင္ မွတ္ဥာဏ္ကိုပါ တိုးတက္ေစလို႔ စားေပးသင့္ပါတယ္။

၆။ ဇီ၀ျဖစ္စဥ္ကို ျမင့္တင္ေပးတယ္။

သင့္ရဲ့ ဇီ၀ျဖစ္စဥ္ကိုျမင့္တင္ေပးႏိုင္လို႔ အဟာရစုပ္ယူမႈကို အားေကာင္းေစပါတယ္။