ပီလောပီနံရွက်ကို သိကြမယ်ထင်ပါတယ်နော်။ သုတ်စားလို့လည်းရတယ်။ ပြုတ်ပြီး တို့စားလို့လည်းရတဲ့အပြင် အမျိုးမျိုး ချက်စားကြတဲ့ အရွက်တစ်မျိုးပါပဲ။ ပီလောပီနံရွက်ကိုသာမက ပီလောပီနံဥကိုလည်း စားသုံးကြပါတယ်။
ပီလောပီနံရွက်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး၊ Antioxidant လည်းကြွယ်ဝစွာပါဝင်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြရရင်တော့။
ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန်ပါတယ်။
ကိုယ်ဝန်ဆောင်တွေစားလို့ရသလားလို့ မေးလာရင် ရပါတယ်။ သံဓါတ်မြင့်မားစွာပါဝင်လို့ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
ခေါင်းကိုက်တာနဲ့ ဖျားနာတာကို သက်သာစေပါတယ်။
ပီလောပီနံရွက် ၃ ရွက်လောကို ကြိတ်ပြီး သောက်ပေးရင် ဖျားနာတာသက်သာပြီး၊ နားထင်မှာကပ်ပေးရင်လည်း ခေါင်းကိုက်သက်သာပါတယ်။
ဗီတာမင်B
ဗီတာမင် B ပါဝင်လို့ စိတ်ခံစားချက်ကိုကောင်းမွန်စေပြီး ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်ပါတယ်။
အစွမ်းရှိတဲ့ Antioxidant
အစွမ်းရှိတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပြီး၊ လေဖြတ်တာနဲ့ ကင်ဆာရောဂါကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
မျက်လုံးကျန်းမာရေး
မျက်လုံးကျန်းမာရေးအတွက် လည်း အထူးကောင်းမွန်စေတဲ့ ဆေးတလက်ဖြစ်ပါတယ်။ သုပ်ပြီး ထမင်းနဲ့စားစား အကျိုးရှိပါတယ်။
အလှအပ
Antioxidant နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အလှအပအတွက် အထူးကောင်းမွန်ပါတယ်။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။
အစာချေစနစ်ကောင်းမွန်စေခြင်း
အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အူကိုသန့်စင်ပေးနိုင်ပါတယ်။