Kali Mirch လို့လူသိများတဲ့ ငရုတ်ကောင်းဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အရာတွေထဲက တစ်ခုအပါအဝင်ပါ။ အစားအစာတွေရဲ့ အရသာကိုထပ်ဖြည့်ပေးတဲ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးများလည်း ငရုတ်ကောင်းမှာ ပါဝင်ပါတယ်။ ငရုတ်ကောင်းက ဆောင်းရာသီမှာ  အဖြစ်များတတ်တဲ့ ချောင်းဆိုးခြင်းနဲ့ အအေးမိခြင်းတို့ကို ကာကွယ်နိုင်တဲ့အပြင် ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေပါတယ်။  Vitamin C လည်း ပါဝင်တာကြောင့် သဘာဝအတိုင်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့် အစွမ်းထက်သော ပဋိဇီဝဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ စားပေးသင့်တဲ့ ငရုတ်ကောင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အစာချေခြင်းကို အထောက်အကူပြုပါတယ်

ငရုတ်ကောင်းအစိမ်းက အစာအိမ်က ပရိုတင်းဓာတ်တွေကို ချေဖျက်ပေးတဲ့   Hydrochloric Acid ကို ထွက်စေပြီး အစာချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။ အူလမ်းကြောင်းကို Hydrochloric Acid နဲ့ သန့်စင်ပေးပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ အမျိုးမျိုးကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် သင်စားသမျှထဲမှာ ငရုတ်ကောင်း မှုန့်ဖြူးဖို့ မမေ့ပါနဲ့။

ဝမ်းချုပ်တာကိုကူညီပေးပါတယ်

တစ်ပတ်မှာ ဝမ်းသွားတာက ၃ ကြိမ်ထက်နည်းနေပြီဆိုရင် ဒါကို ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။ ငရုတ်ကောင်းက ဝမ်းချုပ်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့လည်း ကူညီပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့ကူညီပေးပါတယ်

ဟင်းခတ်အမွှေးအကြိုင်တွေမှာ အဆီပိုတွေကို ချေဖျက်ပေးဖို့ ကူညီပေးတဲ့ Phytonutrients ပမာဏ မြင့်မားစွာ ပါဝင်တာကြောင့် ငရုတ်ကောင်းက ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အများကြီး ကူညီပေးပါတယ်။ ဒါက သင့်ခန္ဓာကိုယ် ရဲ့ ဇီဝြဖစ်ပျက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ လက်ဖက်စိမ်းထဲကို ထည့်ပြီး တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ထည့်ပြီး စားသုံးပေးပါ။

အဆစ်အမြစ်ကိုက်ခဲခြင်းကို လျော့ကျစေပါတယ်

ငရုတ်ကောင်းမှာ အဆစ်အမြစ်ကိုက်ခဲတာကို ကူညီပေးနိုင်တဲ့ ဆေးဖက်ဝင် အရည်အသွေးတွေပါတာကြောင့် အဆစ် အမြစ်ရောင် အဆစ်တွေနာတာကို လျှော့ချပေးနိုင်ပါတယ်၊။ ဒါ့အပြင် ဂေါက်ရောဂါကို ကာကွယ်ပေးပြီး အရိုးအဆစ်နဲ့ ကျောရိုးမအီမသာဖြစ်မှုကိုလည်း သက်သာစေပါတယ်။

ချွဲသလိပ်တွေကို သက်သာစေပါတယ်

ငရုတ်ကောင်းဟာ ခန္ဓာကိုယ်အတွင်း ချွဲစီးဆင်းမှုကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အေးသောရာသီဥတုတွေမှာ ခေါင်းရဲ့  Sinus မှာ  ပိတ်မိသွားတတ်တဲ့ ချွဲတွေကို အရည်ပျော်စေနိုင်ပါတယ်။