[Unicode]
ခန္တာကိုယ်ကို ဟန်ချက်ညီညီထိန်းညှိပြီး ပျော့ပျော့ပြောင်းပြောင်းကရတဲ့ ဘဲလေးအကက နိုင်ငံတကာမှာ နာမည်ကျော်တဲ့အကပါ။ ဘဲလေးအကကတာဟာ ကျန်းမာရေးကို ဘယ်လိုအကျိုးပြုပါသလဲ။
ကိုယ်ဟန်အနေအထားကောင်းမွန်လာခြင်း
ဟန်ချက်ညီညီကရလို့ ကျန်းမာရေးနဲ့ညီညွှတ်သလို ကိုယ်ဟန်အနေအထားကိုလည်း သပ်ရပ်ကောင်းမွန်လာစေပါတယ်။
ယုံကြည်မှု
ဘဲလေးအကကတာဟာ မိမိကိုယ်ကိုယုံကြည်မှုတိုးမြင့်စေပါတယ်။
ကြွက်သာတွေကို တည်ဆောက်ပေးခြင်း နှင့် သွက်လက်ပေါ့ပါးခြင်း
ဘဲလေးအကကိုကပေးတာဟာ ကြွက်သားတွေကိုတည်ဆောက်ပေးပါတယ်။ တစ်ခါတလေမှာ ခုန်ပြီးကရတယ် လှည့်ပြီးကရအတွက် သွက်လက်ပေါ့ပါးနေပါတယ်။ဒါ့ကြောင့်လည်း ကိုယ်အလေးချိန်ထိန်းထားနိုင်ပါတယ်
ကယ်လိုရီလောင်ကျွမ်းခြင်း
ကယ်လိုရိများတာကြောင့် ကိုယ်အလေးချိန်တက်တာပါ။ ဘဲလေးအကကိုကပေးတာဟာ မိနစ် ၃၀အတွင်း ကယ်လိုရီ ၂၀၀ ကျော်လောင်ကျွမ်းပါတယ်။
စိတ်ဖိစီးမှုကို ပြေပျောက်စေခြင်း
ဘဲလေးအကကိုကတာဟာ ပျော်စရာလည်းကောင်းပြီး စိတ်ခံစားမှုကို ပေ့ါပါးစေပါတယ်။ ဘဲလေးအကကတာဟာ မလွယ်ကူပါဘူး။ အကမှာ အမှားမဖြစ်အောင် သေချာထိန်းညှိပေးနိုင်ပြီး ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာကိုပဲ အာရုံစိုက်တတ်ပါတယ်။ တစ်ခုခုကို အပြောင်းအလဲလုပ်ရမှာ စိုးရိမ်ကြောင့်ကြတာမျိုးမဖြစ်ပါဘူး။
ပေါင်းသင်းဆက်ဆံရေး
ဘဲလေးအကသင်တန်းမှာ မိတ်ဆွေသူငယ်ချင်းတွေရမယ်။ ဆိုတော့ ဝါသနာတူတဲ့သူငယ်ချင်းတွေနဲ့အတူ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုမိုတည်ဆောက်နိုင်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတွေ့အကြုံသစ်ကို မျှဝေဖို့အခွင့်အလမ်းရှိပါတယ်။ ဒါ့ကြောင့်လည်း ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေပါတယ်။
Source: healthfitnessrevolution.com
[Zawgyi]
ခႏၱာကိုယ္ကို ဟန္ခ်က္ညီညီထိန္းညွိၿပီး ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္းကရတဲ့ ဘဲေလးအကက ႏိုင္ငံတကာမွာ နာမည္ေက်ာ္တဲ့အကပါ။ ဘဲေလးအကကတာဟာ က်န္းမာေရးကို ဘယ္လိုအက်ိဳးျပဳပါသလဲ။
ကိုယ္ဟန္အေနအထားေကာင္းမြန္လာျခင္း
ဟန္ခ်က္ညီညီကရလို႔ က်န္းမာေရးနဲ႔ညီညႊတ္သလို ကိုယ္ဟန္အေနအထားကုိလည္း သပ္ရပ္ေကာင္းမြန္လာေစပါတယ္။
ယံုၾကည္မႈ
ဘဲေလးအကကတာဟာ မိမိကုိယ္ကိုယံုၾကည္မႈတိုးျမင့္ေစပါတယ္။
ၾကြက္သာေတြကို တည္ေဆာက္ေပးျခင္း ႏွင့္ သြက္လက္ေပါ့ပါးျခင္း
ဘဲေလးအကကိုကေပးတာဟာ ၾကြက္သားေတြကိုတည္ေဆာက္ေပးပါတယ္။ တစ္ခါတေလမွာ ခုန္ၿပီးကရတယ္ လွည့္ၿပီးကရအတြက္ သြက္လက္ေပါ့ပါးေနပါတယ္။ဒါ့ေၾကာင့္လည္း ကိုယ္အေလးခ်ိန္ထိန္းထားႏိုင္ပါတယ္
ကယ္လိုရီေလာင္ကၽြမ္းျခင္း
ကယ္လိုရိမ်ားတာေၾကာင့္ ကိုယ္အေလးခ်ိန္တက္တာပါ။ ဘဲေလးအကကိုကေပးတာဟာ မိနစ္ ၃၀အတြင္း ကယ္လိုရီ ၂၀၀ ေက်ာ္ေလာင္ကၽြမ္းပါတယ္။
စိတ္ဖိစီးမႈကို ေျပေပ်ာက္ေစျခင္း
ဘဲေလးအကကိုကတာဟာ ေပ်ာ္စရာလည္းေကာင္းၿပီး စိတ္ခံစားမႈကို ေပ့ါပါးေစပါတယ္။ ဘဲေလးအကကတာဟာ မလြယ္ကူပါဘူး။ အကမွာ အမွားမျဖစ္ေအာင္ ေသခ်ာထိန္းညွိေပးႏိုင္ၿပီး ဘယ္လိုတိုးတက္ေအာင္လုပ္မလဲဆိုတာကိုပဲ အာရံုစိုက္တတ္ပါတယ္။ တစ္ခုခုကို အေျပာင္းအလဲလုပ္ရမွာ စိုးရိမ္ေၾကာင့္ၾကတာမ်ိဳးမျဖစ္ပါဘူး။
ေပါင္းသင္းဆက္ဆံေရး
ဘဲေလးအကသင္တန္းမွာ မိတ္ေဆြသူငယ္ခ်င္းေတြရမယ္။ ဆိုေတာ့ ၀ါသနာတူတဲ့သူငယ္ခ်င္းေတြနဲ႔အတူ က်န္းမာေပ်ာ္ရႊင္တဲ့ဘ၀ကို ပိုမိုတည္ေဆာက္ႏိုင္ပါတယ္။ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အေတြ႔အႀကံဳသစ္ကို မွ်ေ၀ဖို႔အခြင့္အလမ္းရွိပါတယ္။ ဒါ့ေၾကာင့္လည္း ေပါင္းသင္းဆက္ဆံေရးကို တိုးတက္ေစပါတယ္။
Source: healthfitnessrevolution.com