ရှားစောင်းလက်ပတ်က စွမ်းအားအရှိဆုံး ဆေးဝါးအဖြစ် အသုံးပြုလို့ရတဲ့ အပင်တွေထဲမှာ ပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်ဆစ်၊ အင်ဇိုင်း၊ ပိုလီဆက်ရိုက် နဲ့ Fatty Acids တို့ပါဝင်ပါတယ်။ ရှားစောင်လက်ပတ်ကို အသုံးပြုခြင်းဖြင့် အသားအရေ စိုပြေ လှပစေပြီး ကျန်းမာရေးလည်း ကောင်းမွန်စေမှာဖြစ်ပါတယ်။

အသားအရေ စိုပြေ လှပစေဖို့

ရှားစောင်းလက်ပတ်က အသားအရေ မျိုးစုံနဲ့ သင့်တော်ပါတယ်။ အထူးသဖြင့် တော်ရုံပစ္စည်းတွေနဲ့ ဓာတ်မတည့်တာများတဲ့ အသားအရေမျိုး (Sensitive Skin)အတွက်လည်း သင့်တော်ပါတယ်။

ရှားစောင်းလက်ပတ် အနှစ်ကို ဂျင်းလက်တစ်ဆစ်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ နွားနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ နှင်းဆီ အရည် (Rose Water) ကို ထည့်လိုက်ပါ။ ပျစ်ပျစ်လေးဖြစ်အောင် သေချာ မွှေလိုက်ပါ။ ဒီ အနှစ်ကို မျက်နှာနဲ့လည်ပင်းပေါ်မှာ လိမ်းလိုက်ပါ။ မိနစ်၂၀ လောက် ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။

Rose Water

နှင်းဆီကနေ လုပ်ထားတဲ့ ရေ (Rose Water)က လုပ်ပြီး သား ပုလင်းလေးတွေလည်း ရှိပါတယ်။ အထူးသဖြင့် skin care ပစ္စည်းတွေမှာ rose water ထည့်လေ့ရှိပါတယ်။

ကိုယ်တိုင်လုပ်လို့လည်း ရပါတယ်။

aid351074-v4-728px-Make-Rosewater-Step-15-Version-3

နှင်းဆီ အနီ ၂ ပွင့်လောက်ကိုယူပြီး နှင်းဆီ ပွင့်ဖက်တွေကို ချွေလိုက်ပါ။ အထူးသဖြင့် ဓာတုဆေးဝါးမသုံးထားတဲ့ နှင်းဆီတွေ ရနိုင်ရင် ပိုကောင်းပါတယ်။

aid351074-v4-728px-Rosewater-m3-6

အိုးသန့်သန့် တစ်လုံးထဲကို နှင်းဆီဖက်တွေ ချွေပြီး ထည့်လိုက်ပါ။ ရေ ၃ ခွက်လောက်ထည့်ပြီး မီးဖိုပေါ်တင်ကာ မီးနည်းနည်းလေးနဲ့ အပူပေးပါ။ မီးအရမ်းများသွားရင် ပွင့်ဖတ်တွေ ညိုသွားရင်လည်း မကောင်းပါဘူး။ မီးအေးအေးလေးနဲ့ မိနစ် ၂၀ လောက် အပူပေးပါ။ ရေက နှင်းဆီ အနံ့ ရပြီဆိုရင် ချလိုက်လို့ရပါပြီ။

aid351074-v4-728px-Rosewater-m3-7

အအေးခံပြီး ပုလင်းသန့်သန့်လေး ၁ လုံးထဲကို နှင်းဆီ အဖက်တွေ ဖယ်ထုတ်လိုက်ပြီး ထည့်ထားပြီး အသုံးပြုလို့ရပါတယ်။

ကိုလက်စထရော ဓာတ်တွေကျဆင်းဖို့

ရှားစောင်းလက်ပတ်ဖျော်ရည်ကို နေ့တိုင်းသောက်ရင် သွေးအတွင်းက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို ကျဆင်းစေပြီး နှလုံးသွေးကြောကျဉ်းတို့၊ နှလုံးရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။

ဆံပင်တွေ အရှည်မြန်ဖို့

ရှားစောင်းလက်ပတ်က ဆံပင်တွေ အရှည်မြန်ဖို့အတွက် အကောင်းဆုံးပါဘဲ။ ဦးခေါင်းက ဆဲလ်အသေတွေကိုလည်း ကူညီဖယ်ရှားပေးပါတယ်။ ရှားစောင်းလက်ပတ်က အဟာရတွေက ဆံပင်ထဲကို လျင်မြန်အောင် ရောက်နိုင်ပြီး ဆံပင်ကို သန်မာကာ အရှည်မြန်စေပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ဖန်ခွက်တစ်ခွက်ထဲကို တစ်ဝက်လောက်ထည့်ပါ။ ကြက်ဆူပင်အဆီ (Castor Oil) ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပဲနံ့သာရွက် မှုန့် (Fenugreek Powder) လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ပင်စိမ်းရွက်မှုန့် (Basil Powder) တို့ကို ခုနက ရှားစောင်းလက်ပတ်ထဲထည့်ထားတဲ့ ခွက်ထဲကိုထည့်ပြီး သေချာမွှေကာ ပျစ်ပျစ်လေးဖြစ်လာပါလိမ့်မယ်။ ဒီအနှစ်ကို ဆံပင်နဲ့ ဦးခေါင်းကို လိမ်းပြီး ၂နာရီကနေ ၃ နာရီလောက် လိမ်းထားကာ မျက်နှာသုတ်ပုဝါလေးနဲ့ ပေါင်းထားပါ။ ပြီးရင် ရေဆေးချပြီး ခေါင်းလျှော်လိုက်ပါ။

နှုတ်ခမ်းပေါက်တာတွေအတွက်

ရှားစောင်းလက်ပတ်က နှုတ်ခမ်းပေါက်၊ နှုတ်ခမ်းယောင်တာတွေ၊ ဘက်တီးရီးယား ဝင်တာတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကို နှုတ်ခမ်းပေါက်နေတဲ့နေရာကို လိမ်းပေးပါ။ ဒါဆို သက်သာလာပါလိမ့်မယ်။

အဆစ်အမြစ်ယောင်တာတွေအတွက်

ရှားစောင်းလက်ပတ်ကို စာသုံးခြင်းဖြင့် ကြွက်သားတွေနဲ့ အဆစ်အမြစ် ရောဂါတွေအတွက် ကောင်းပါတယ်။ အဲဒီနေရာတွေမှာရှိနေတဲ့ ဆဲလ်တွေအတွက်ကောင်းမွန်ပြီး ကြွက်သားယောင်ယမ်းတာတွေကိုလည်း ကုသပေးနိုင်ပါတယ်။