ပိန္နဲသီးက ရာသီစာဖြစ်ပြီး လူတော်တော်များများလည်း ကြိုက်နှစ်သက်ကြပါတယ်။ ပိန္နဲသီးက အသီးတင်မဟုတ်ပါဘူး၊ အစေ့ပါ စားသုံးကြပါတယ်။ ပိန္နဲသီးအစေ့ကို ပြုတ်စား၊ ဖုတ်စား၊ အခြောက်ခံပြီးလည်း စားသုံးကြပါတယ်။

ပိန္နဲသီးမှာ ကာဗိုဟိုက်ဒရိုတ်၊ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ဖော့စပရက်စ်၊ ဇန့် နဲ့ ကယ်ဆီယံတို့ ပါဝင်ပါတယ်။

သူ့မှာ ကင်ဆာ ရောဂါကိုကာကွယ်နိုင်ပြီး အရွယ်တင်နုပျိုစေတဲ့ ဓာတ်တွေလည်း ပါဝင်ပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

ပိန္နဲသီးမှာ ဗီတာမင် စီဓာတ်၊ Antioxidants တွေ ၊ ကင်ဆာ ကို ကာကွယ်နိုင်တဲ့ Phytonutrients တွေ ပါဝင်ပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ Antioxidants ဓာတ်တွေက ကိုယ်ခံအားကို မြှင့်တက်ပေးပြီး ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

နှလုံးရောဂါကိုလည်း ကာကွယ်ပေး

ပိန္နဲသီးမှာ ဗီတာမင် B6, ဗီတာမင် B12 နဲ့ ဖောလစ် အက်ဆစ်တို့ပါဝင်ပြီး ဒီဓာတ်တွေက နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

Jackfruit-cut

အစာခြေစနစ်ကို အားကောင်းစေ

ပိန္နဲသီးက အစာခြေစနစ်ကိုလည်း အားကောင်းစေတာကြောင့် ဝမ်းချုပ်တာတွေကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ပိန္နဲသီးရဲ့ အစေံမှာ အမျှင်ဓာတ်တွေအများကြီးပါဝင်တာကြောင့် ဝမ်းချုပ်နေရင် ပိန္နဲသီး အစေ့တွေကို စားပေးသင့်ပြီး ကိုယ်အလေးချိန် ကျဆင်းအောင်လည်း ကူညီပေးမှာပါ။

အရိုးပွရောဂါကိုလည်း ကာကွယ်ပေး

ပိန္နဲသီးမှာ ကယ်ဆီယံဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးပွရောဂါဖြစ်ပွားနိုင်ချေကနေ လျော့ချပေးပါတယ်။ အရိုးပွရောဂါက ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်ဆီယံဓာတ်မဖြည့်ဆည်းပေးနိုင်တဲ့အချိန်မှာ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အရိုးပွရောဂါဖြစ်နေသူတွေအနေနဲ့ ပိန္နဲသီးကို တစ်ပတ်မှာ ၂ခါ၊ ၃ ခါ စားသုံးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ကို ဖြည့်ဆည်းပေးသင့်ပါတယ်။

Featured Image Source: Natural Healing