ဘူးသီးကို ကြက်သားနဲ့ချက်ရင် တကယ်ကိုစားကောင်းတယ်နော်။ စာဖတ်သူတို့ကော ဘူးသီးကိုဘယ်လိုချက်စားလေ့ရှိလဲ။ ဘူးသီးနဲ့ ကြက်သားကာလသားဟင်းကလည်း တကယ်ကိုနာမည်ကြီးတဲ့ ဟင်းလျာဆိုတော့ ပြောစရာလိုမယ်တောင်မထင်ပါဘူး။
ကဲ ဘူးသီးစားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်။ ဘူးသီးမှာ ဗီတာမင် C, B-6,B3,ဖောလိတ်အက်ဆစ်၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ သွပ်ဓါတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်ဓါတ်တွေ ပါဝင်ပါတယ်။
အစာချေစနစ်ကိုကောင်းမွန်စေခြင်း
အမျှင်ဓါတ်လည်းကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ အစာမကြေတာကိုသက်သာစေပြီးတော့ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ပါဝင်တဲ့ ဗီတာမင် B ကဇီဝဖြစ်စဉ်ကို မြင့်တင်ပေါ်နိုင်ပါတယ်။
ကျောက်ကပ်ကျန်းမာရေး
ဆီးရွှင်စေတဲ့အသီးဖြစ်ပြီး ကျောက်ကပ်ကိုကျန်းမာစေပါတယ်။ ဆီးရောဂါကူးစက်ဖြစ်ပွားခြင်းကနေလည်း ကာွယ်ပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျစေခြင်း
ကိုယ်အလေးချိန်လျှော့ချချင်တဲ့သူတွေက ဘူးသီးကို ညနေပိုင်းမှာ စားသုံးနိုင်ပါတယ်။ ဆီနည်းနည်းနဲ့ ပြုတ်စားတာမျိုး အရည်သောက်ချက်စားတာမျိုးလုပ်နိုင်ပါတယ်။
သွေးဖိအားနဲ့ ကိုလက်စထရောကျစေခြင်း
ဘူးသီးဟာ သွေးဖိအားကျစေပြီး မကောင်းတဲ့ကိုလက်စထရောကို ကျစေပါတယ်။
ဆံပင်ဖြူတာကိုသက်သာစေတယ်
အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကနေ ကာကွယ်ပေးပြီး ဆံပင်ကိုသန်စွမ်းစေပါတယ်။
အသည်းကိုကျန်းမာစေတယ်
ဘူးသီးဟာ အသည်းကိုကျန်းမာစေပါတယ်။ အအေးစာဖြစ်ပြီးတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ နွေရာသီမှာဆိုရင် ခန္တာကိုယ်ကို လန်းဆန်းစေပါတယ်။
ကဲဘူးသီးတစ်ခွက်ချက်စားကြစို့။