သင့်ရဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓါတ်အပြည့်အဝရရှိဖို့လိုအပ်ပါတယ်။ ဒါမှ ရေဓာတ်ခမ်းခြောက်ခြင်းကနေ ရှောင်ကျဉ်နိုင်မှာပါ။ ရေဓါတ်ခမ်းခြောက်ရင် သွေးဖိအားတက်လာနိုင်ပြီး ကိုလက်စထရောလည်းတက်လာနိုင်ပါတယ်။

ဒါ့အပြင် ဆီးချိုဖြစ်စေနိုင်သလို အဝလွန်တာနဲ့ ကင်ဆာရောဂါထိဖြစ်စေနိုင်ပါတယ်။ ဒီလိုရေဓါတ်ခမ်းခြောက်တာတွေကို ကာကွယ်နိုင်ဖို့နဲ့ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် နနွင်းနဲ့ ဂျင်းဖျော်ရည်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

turmeric

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

113475809_XS

ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း (ဂျင်း ၂ လက်မလောက်တစ်စိတ်ကိုလည်း အသုံးပြုနိုင်ပါတယ်။)

glass-water

ရေ ၁ ခွက်

How-to-check-purity-of-honey-at-home

ပျားရည် ခွက် ၁/၄ ပုံ

health-benefits-of-black-pepper

ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၃/၄

ပြုလုပ်နည်း

lemon-ginger-turmeric-cinnamon

ဂျင်း နနွင်းနဲ့ ငရုတ်ကောင်းမှုန့်ကို အိုးအသေးတစ်လုံးထဲထည့်ပါ။ ရေတစ်ခွက်လောင်းထည့်ပြီး ဆူအောင်သည်ပါ။ ပြီးရင် ၂ မိနစ်လောက်ထပ်ထားပြီး မီးဖိုးပေါ်ကချပါ။ ပျားရည်ထည့်ပြီး ဖုံးထားပါ။ ပြီးရင် ၁ နာရီလောက်ထားပါ။ တစ်ညလုံးလည်းထားလို့ရပါတယ်။ ပြီးရင် မွှေပေးပါ။ အဲဒီနောက် ရေ ၃ ခွက်ထပ်ရောပြီး ခရားတစ်လုံးထဲထည့်ပါ။ ပြီးရင်ရေခဲသေတ္တာထဲထည့်ထားပါ။ မထည့်ချင်ရင်လည်း ရေခဲထည့်ပြီး တစ်ခွက်သောက်လို့ရပါတယ်။ အရသာပေါ်မူတည်ပြီး ရေထပ်ထည့်ချင်ထည့်ပါ။