လူတိုင်းက ဆိုဒါတွေ အမြဲတမ်းသောက်ရင်မကောင်းဘူးဆိုတာသိကြပေမယ့် သောက်သုံးတာတော့ မရပ်နိုင်ကြပါဘူး။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် လူငယ်တွေက တစ်နေ့ကို ကိုကာကိုလာ ၂ ဗူး ၃ ဗူးလောက်သောက်သုံးကြလေ့ရှိပါတယ်။

ကိုကာကိုလာ သံဗူး ၁ ဗူးသောက်ရင်တောင် တစ်နေ့မှာ စားသုံးသင့်တဲ့ သကြား ပမာဏထက်တောင် ပိုသွားပါတယ်။

ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်ပါဝင်မှုများရင် ဆီချို (Type 2 Diabetes) ၊ နှလုံးရောဂါ၊ အယ်ဇိုင်းမားရောဂါတို့ကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေး အွန်လိုင်း Blog တစ်ခုဖြစ်တဲ့ David Wolfe က တစ်နေ့ကို ကိုကာကိုလာ ၁၀ ဗူးသောက်ရင် ပြောင်းလဲသွားမယ့် ခန္ဓာကိုယ်ပုံစံကို စမ်းသပ်ထားပါတယ်။

နေ့စဉ် ကိုကာကိုလာ ၁၀ ဗူးသောက်ပြီးတဲ့အခါမှာတော့ ကိုယ်အလေးချိန်က ၁၆၈ ပေါင်ကနေ ၁၉၂ ပေါင်ကို တက်သွားပါတယ်။

ဒါကြောင့် စုစုပေါင်း ၂၃ ပေါင်တက်သွားတာပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီဓာတ်က ၆၅ ရာခိုင်နှုန်းတက်သွားပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီစုစုပေါင်းက ၉ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းဖြစ်သွားပါတယ်။

ဒါတွေအားလုံးက တခြား အစားအစာတွေမပြောင်းဘဲ တစ်နေ့ကို ကိုကာကိုလာ ၁၀ ဗူးသောက်လို့ပါဘဲ။