ထောပတ်သီးရဲ့ အဟာရ ကြွယ်ဝပုံကတော့ ပြောနေဖို့တောင်မလိုပါဘူး။ အာလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ထောပတ်သီးစားပြီးတိုင်း လွှင့်ပစ်လိုက်တဲ့ ထောပတ်သီး အစေ့ရဲ့ အကျိုးကျေးဇူးတွေတော့ မသိကြသေးဘူးထင်ပါတယ်။

အစေ့မှာလည်း အသီးလိုပဲ အဟာရတွေ အများကြီး ကြွယ်ဝစွာပါဝင်ပါတယ်။

ထောပတ်သီး အစေ့ ရေနွေးကြမ်းလုပ်သောက်ရင်တော့ အာဟာရတွေ အများကြီးရမှာပါ။

အဲ့ဒီအပြင်

  • သွေးအတွင်း ကော်လက်စထရောကို လျော့ချပေးခြင်း
  • သွေးလည်ပတ်မှုကောင်းစေခြင်း
  • သွေးပေါင်ကို ထိန်းညှိပေးခြင်း
  • အာရုံကြော အားကောင်းစေခြင်း
  • သွေးအတွင်း သကြားဓာတ်လျော့ချပေးခြင်း

Avocado

  • ရောင်ရမ်းတာတွေ ကျဆင်းစေခြင်း
  • ကိုယ်ခံအားကောင်းစေခြင်း
  • အရိုး၊ သွား၊ ဆံပင်နဲ့ လက်သည်းတွေ အားကောင်းစေခြင်း
  • အသားအရည်ဆိုပြေစေခြင်း
  • နှလုံးရောဂါ ကာကွယ်ပေးခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာပါ။

ပြင်ဆင်ပုံနည်းလမ်း

အသားတွေ လှီးထုတ်ပြီး အစေ့ရလာရင် သူ့ကို ရေပြောင်အောင် ဆေးပါ။ ရေ ၁ လီတာလောက်ထည့်ထားတဲ့ အိုး ၁လုံးထဲ ထားပါ။

၁၅ မိနစ်လောက် အပူပေးပြီးနောက် မီးဖိုကနေ ဖယ်လိုက်ပါ။ အဲ့နောက်မှာ ထောပတ်သီးအစေ့ ရေနွေးကြမ်းကို သောက်သုံးလို့ရပါပြီ။

တစ်နေ့ကို ကိုယ်ကြိုက်နှစ်သက်သလောက် သောက်သုံးလို့ရပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိပါဘူး။ ညအိပ်ခင်သောက်ရင်ပိုပြီး အကျိုးရှိပါတယ်။