ကျောက်ကပ်က သွေးထဲက အညစ်အကြေးတွေ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးတဲ့ အဓိက အရေးကြီးတဲ့ အစိတ်အပိုင်းဘဲဖြစ်ပါတယ်။

ကျောက်ကပ်က တစ်နေ့ကို သွေး ၁၉၀ လီတာလောက် သန့်စင်ပေးရပြီး အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေပါတဲ့ ရေ ၂လီတာကို စွန့်ထုတ်ပေးရပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဟော်မှုန်းတွေနဲ့ သွေးပေါင်ချိန်တွေကို ထိန်းညှိပေးရပါတယ်။

ဒါကြောင့် ကျောက်ကပ်ကခန္ဓာကိုယ်အတွက် အထူးအရေးကြီးပြီး ကျောက်ကပ် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အလေ့အကျင့်ဆိုးတွေအကြောင်း ဝေမျှချင်ပါတယ်။

ရေလုံလုံလောက်လောက် မသောက်ခြင်း

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာရခြင်းမှာ ရေလုံလုံလောက်လောက်မသောက်ခြင်းကြောင့် ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေဖယ်ရှားဖို့ ရေက အရမ်းအရေးကြီးပါတယ်။

ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်ခမ်းခြောက်ခြင်း၊ ရေဓာတ်မလုံလောက်ခြင်းက ကျောက်ကပ်ကို ပိုးဝင်နိုင်တာနဲ့ တခြား ကျောက်ကပ်ရောဂါတွေဖြစ်ပွားနိုင်ချေမြင့်မားပါတယ်။

အကြံပြုချက်

  • တစ်နေ့ကို ရေ ၆ ခွက်ကနေ ၈ ခွက်ကြားလောက် သောက်သင့်ပါတယ်။
  • ရေဓာတ်ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ စားသုံးပေးပါ။
  • အသီးဖျော်ရည်တို့ ရေနွေးကြမ်းတို့ကိုလည်း သောက်ပေးပါ။

Source: British Heart Foundation

ဆားတွေအများကြီး မစားသုံးပါနဲ့

ဆားတွေ အများကြီးစားသုံးပြီး ဆိုဒီယမ်တွေ ခန္ဓာကိုယ်ထဲမှာများလာရင် ကျောက်ကပ်နဲ့ နှလုံး စနစ်ကို ထိခိုက်စေပါတယ်။

အဲ့ဒီအပြင် သွေးပေါင်ချိန်ကို တက်စေပါတယ်။

အကြံပြုချက်

  • တစ်နေ့ကို ဆား ၃ ဂရမ် (စားပွဲတင်ဇွန်း ၁ ဝက်လောက်) ဘဲ စားသုံးပါ။

Source: Medical News Today

ဆီးကို မအောင့်ထားပါနဲ့

ဆီးကို အချိန်အကြာကြီးအောင့်ထားတဲ့ အလေ့အကျင့်က ကျောက်ကပ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဆီးကို အောင့်ထားရင် ကျောက်ကပ်နဲ့ ဆီးလမ်းကြေင်းကို ထိခိုက်နိုင်ပါတယ်။

အကြံပြုချက်

  • ဆီးသွားချင်ရင် တတ်နိုင်သမျှ ချက်ခြင်း အိမ်သာကို သွားပါ။
  • အကယ်၍ အိမ်သာ သွားရခက်တဲ့နေရာမျိုးဆိုရင် အရည်တွေ သိပ်မသောက်ပါနဲ့။

Featured Image Source: Step To Health