၁။ ခြေချိတ်ထိုင်ခြင်း

သုတေသနပြုလေ့လာချက်တွေအရ ခြေချိတ်ထိုင်တတ်တဲ့သူတွေဟာ သွေးတိုး၊ အာရုံကြောဆိုင်ရာ ပြဿနာတွေ ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ခြေထောက် သွေးလည်ပတ်မှုကိုနှောင့်နှေးစေပြီး ခြေထောက်ကျင်တာ ထုံတာဖြစ်စေနိုင်ပါတယ်။

၂။ ငှက်တွေကို အစာကျွေးခြင်း

အပြင်မှာ ခိုတွေ၊ ငှက်တွေကို အစာကြွေးတာဟာ ပျော်စရာကောင်းပေးမယ့် အန္တရာယ်လည်းများပါတယ်။ ဒီအတိုင်း အစာပစ်ကျွေးတာမျိုးမဟုတ်ဘဲ အနားမှာ လက်ပေါ်တင်ပြီးကျွေးမယ်ဆိုရင် ငှက်တွေမှာ ပါလာတဲ့ ရောဂါပိုးမွှားတွေ ကူးစက်နိုင်ရချေရှိပါတယ်။ အထူးသဖြင့် ကလေးတွေကို အဲဒီလိုအစာမကျွေးခိုင်းပါနဲ့။

၃။ အရည်အသွေးမကောင်းတဲ့ နေကာမျက်မှန်တပ်ခြင်း

အရည်အသွေးမကောင်းတဲ့နေကာမျက်မှန်ဟာ သင့်ကို နေရောင်ချည်ကနေလည်းကာကွယ်ပေးနိုင်မှာမဟုတ်လို့ မျက်လုံးကို ပိုပြီးထိခိုက်စေနိုင်ပြီး မျက်လုံးကင်ဆာတောင်ဖြစ်နိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။

၄။ အလုပ်စားပွဲမှာ ထမင်းစားခြင်း

အလုပ်စာပွဲမှာ ထမင်းမဟားရဘူးဆိုတာ လူတိုင်းသိကြပါတယ်။ အဲဒီလိုစားတာဟာ သင့်စားပွဲမှာ အနံ့အသက်တွေ ကျန်နေခဲ့စေပြီး သင့်ကို စိတ်မသက်မသာဖြစ်စေပါတယ်။ အစာစားနေတဲ့အချိန်မှာ ဦးနှောက်က အနားယူဖို့လိုအပ်သလို၊ လမ်းလျှောက်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ သင့်အစာချေစနစ်အတွက်  ထိခိုက်စေနိုင်ပါတယ်။

၅။ ခန္ဓာကိုယ်မတ်မတ်မထိုင်ခြင်း

ကိုယ်ဟန်အနေအထား မတ်မတ်မထိုင်တာဟာကျောရိုးနဲ့ ပတ်သက်တဲ့ ပြဿနာ ဖြစ်ပေါ်စေပါတယ်။ ထိုင်ခုံနောက်မှီ ရှည်ရှည်နဲ့ ထိုင်သင့်ပါတယ်။

၆။ ဘေးစောင်းအိပ်ခြင်း

သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ သင်သတိမထားမိတဲ့ အပြုအမူတွေ

ဘေးစောင်းအိပ်တာဟာ သင့်ခေါင်းအုံးအောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ပိုပြီးထိတွေ့မိပြီး မျက်နှာဝက်ခြံဖြစ်စေပါတယ်။ မှောက်လျက်အိပ်တာဟာလည်း ရင်ဘတ်အောင့်တာ၊ အာရုံကြောထိခိုက်တာမျိုးဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ ပက်လက်အိပ်တာပါပဲ။