မီးဖိုချောင်ပစ္စည်းတွေ အသုံးပြုတာများလို့ရှိရင် ဆီဂျီးတွေ၊ မီးထိထားတဲ့နေရာတွေ နဲ့ သံချေးတွေဖြစ်ပြီး ကြည့်ရတာ မလှတော့ပါဘူး။ အဲ့ဒီပစ္စည်းတွေကိုလည်း မလွှင့်ပစ်ချင်သေးဘူး။ သူတို့ကို အရင်ကလို တောက်တောက်ပြောင်ပြောင်လေး ဖြစ်အောင် ပြန်လုပ်ပေးနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

မုန့်ဖုတ် ဆိုဒါ

နီးစပ်ရာ ဈေးဆိုင်တွေကနေ တိုက်ချွတ်ဆေးကြောလို့ရတဲ့ အစိမ်းဘက် (Sponges) နဲ့ မုန့်ဖုတ်ဆိုဒါ (Baking Soda) ကို ဝယ်လိုက်ပါ။

51Rojw60rNL

ပြုလုပ်နည်း

အိုးထဲကို ရေအနည်းငယ်လောက်ထည့်ပြီး အပူပေးလိုက်ပါ။ အပူပေးထားတဲ့ ရေထဲကမှ ရေနွေး နည်းနည်းလေးကို ခွက်တစ်ခုထဲထည့်ပါ။ မုန့်ဖုတ်ဆိုဒါကို ခုနက ရေနွေးထည့်ထားတဲ့ ခွက်ထဲထည့်ပြီး ပျစ်ပျစ်လေး ရအောင် ဖျော်ပါ။

Clean-with-baking-soda

ကိုယ်တိုက်ချွတ်ဆေးကြောမယ့် ပမာဏကို မှန်းဆပြီး ဖျော်လိုက်ပါ။ ပြီးရင် ခုနက အစိမ်းဘက်ကို မုန့်ဖုတ်ဆိုဒါအနှစ်နဲ့ သုတ်ပြီး မီးဖိုချောင်သုံးပစ္စည်းတွေရဲ့ ဂျီးတွေတင်နေတဲ့ နေရာကို တိုက်ချွတ်ဆေးကြောပါ။

တိုက်ချွတ်ပြီးနောက် ၅ မိနစ်လောက်ထားပါ။ ပြီးမှ ရေဆေးချပါ။

ပြီးရင် မီးဖိုချောင်သုံးပစ္စည်းတွေကို အဝတ်စ သို့မဟုတ် သတင်းစာစက္ကူစတို့နဲ့ ရေသုတ်ပြီး သံလွင်ဆီလေးကို သုတ်လိမ်းပေးပါ။ အဲ့လိုမျိုး ရံဖန်ရံခါ ဆေးပေးပြီး မီးဖိုချောင်သုံးပစ္စည်းတွေ ပြောင်လက်လာပါလိမ့်မယ်။

olive-oil