ပျားရည်နဲ့ နွားနို့ ရောသောက်လျှင် လည်ချောင်းနာတာတွေ၊ အိပ်မပျော်တာတွေကို သက်သာ ပျောက်ကင်းစေပြီး ခုခံအားကို ပိုကောင်းစေပါတယ်။

ပျားရည်က သဘာဝဆေးအဖြစ် ရောဂါအမျိုးမျိုးအတွက် အသုံးပြုခဲ့ကြတာကြပါပြီ။ သူ့မှာ ဘက်တီးရီးယား တွေကို သေစေတဲ့အပြင် Antioxidant တွေနဲ့ မှိုတွေကိုလည်း ကာကွယ်ပေးပါတယ်။

နွားနို့မှာဆိုရင် ဗီတာမင်အေ၊ B-Complex နဲ့ ဗီတာမင် D တို့ပါဝင်ပြီး ကယ်ဆီယမ်ဓာတ်တွေလည်းပါဝင်ပါတယ်။ Lactic အက်ဆစ်နဲ့ ပရိုတင်းဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါကြောင့် နွားနို့ကို သကြားထည့်မယ့်အစား ပျားရည်ကို လက်ဖက်ရည်၁ဇွန်း သို့မဟုတ် ကိုယ်အချို ကြိုက်သလောက် ထည့်ပြီး သောက်သုံးနိုင်ပါတယ်။

အသားအရေကျန်းမာရေးအတွက်ကောင်းမွန်ခြင်း

နွားနို့ နဲ့ ပျားရည်က ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အလှအပဆိုင်ရာ ပစ္စည်းတွေက အဓိအားဖြင့် နွားနို့နဲ့ ပျားရည်ကိုဘဲ အသုံးပြုကြပါတယ်။

ပျားရည်နဲ့ နွားနို့ကို ရောပြီး သောက်သုံးနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း ပျားရည်နဲ့ နွားနို့ကို ရောပြီး ရေချိုးလို့ရပါတယ်။

ရေစိမ်ကန်ထဲကို ပျားရည်နဲ့ နွားနို့ အချိုးကျရောစပ်ပြီး ထည့်လိုက်ပါ။ ရေစိမ်ကန်ထဲကို ဝင်ပြီး ကြိုက်သလောက် စိမ်ထားပါ။ ပြီးမှ ရေချိုးရင်လည်း အသားအရေအတွက် ကောင်းပါတယ်။

အစာခြေစနစ်ကို ထောက်ပံ့ပေးခြင်း

ပျားရည်မှာ Prebiotic ဂုဏ်သတ္တိတွေပါဝင်ပြီး လူ့ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယား ဘက်တီးရီးယားတွေကို ထုတ်လုပ်ပေးပါတယ်။ ဒါတွေက အစာခြေစနစ်ကို အထောက်အကူပြုပေးပါတယ်။

ပျားရည်နဲ့ နွားနို့ရောသောက်ပေးရင်

  • ဝမ်းချုပ်ခြင်း
  • လေထိုးလေအောင့်ခြင်း
  • ကြွက်သားတွေ နာကျင်ခြင်း နဲ့
  • ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဖယ်ရှားပေးပါတယ်။
  • ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း

အရိုးကျန်းမာရေးအတွက် ကောင်းမွန်

နွားနို့မှာ ကယ်ဆီယမ်ဓာတ်ကြွယ်ဝတာကြောင့် နွားနို့နဲ့ ပျားရည်ရောသောက်ရင် နွားနို့ထဲမှာပါဝင်တဲ့ ကယ်ဆီယမ်ဓာတ်အားလုံးနီးပါးကို ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်အောင် ပျားရည်က လုပ်ဆောင်ပေးပါတယ်။

အိပ်မပျော်တာကို ကာကွယ်ပေးခြင်း

ညဘက်မအိပ်ခင် နွားနို့ ပူပူလေးထဲကို ပျားရည်လေးအနည်းငယ်ထည့်ကာသောက်ပေးရင် ညအိပ်မပျော်တာတွေ မဖြစ်အောင် ကူညီပေးပါတယ်။

အရွယ်တင် နုပျိုစေခြင်း

ပျားရည်ရော နွားနို့ရောပါ ဆဲလ်တွေကို အသစ်ပြန်ဖြစ်စေတဲ့ ခန္ဓာကိုယ်ထဲက ပျက်စီးသွားတာတွေကို ပြန်လည် ကုသပေးနိုင်တဲ့ antioxidants တွေအများကြီးပါဝင်ပါတယ်။