ကျွဲခေါင်းသီးကိုတော့ water-chesnut လို့ခေါ်ပြီး ဝက်မြေစာဥကိုတော့ chinese water-chesnut လို့ခေါ်ပါတယ်။ အာရှမှာ အဓိကပေါက်ရောက်တဲ့အသီးမျိုးပါ။ လတ်ဆတ်ပြီး အရသာရှိတယ်၊ နို့အရသာလည်းပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။

Trapa_natans_seeds

CWC corms 1

ကျွဲခေါင်းသီး နဲ့ ဝက်မြေစာဥ ကိုရေသေချာဆေး အခွံနွှာပြီးအစိမ်းလိုက်လည်းစားလို့ရသလို ပြုပ်ပြီးတော့လည်း စားလို့ရပါတယ်။ တချို့ကလည်းမိမိ နှစ်သက်သလို အမျိုးမျိုးလုပ်စားကြပါတယ်။

မျက်လုံးကျန်းမာရေး

benefits-of-basil-improve-eye-health

မျက်လုံးကျန်းမာရေးအတွက် ဗီမာင် B6နဲ့တခြားဗီတာမင်ဓါတ်တွေ၊ ဖောလိတ်အက်ဆစ်တွေပါဝင်တဲ့အစားအစာတွေ များများစားပေးသင့်ပါတယ်။ ကျွဲခေါင်းသီး နဲ့ ဝက်မြေစာဥမှာ ဗီမာင်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး မျက်လုံးကို ပိုမိုကျန်းမာစေပါတယ်။ အသက်အရွယ်ရလာလို့ အမြင်အာရုံ တဖြည်းဖြည်းယိုယွင်းလာတာကို သက်သာစေပါတယ်။

အားရှိစေတယ်

Chinese-water-chestnut-Photos

နေစဉ်လုပ်ငန်းဆောင်တာတွေအတွက်လိုအပ်တဲ့ အားအင်တွေကို ရရှိစေပါတယ်။ လမ်းလျှောက်တာ အသက်ရှုတာကအစ အားအင်တွေလိုအပ်ပါတယ်နော်။ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့အားအင်တွေကို ကျွဲခေါင်းသီးကနေ ရယူလိုက်ပါ။

ခေါင်းကိုက်ခြင်း

Sudden-Headache

ကျွဲခေါင်းသီးနဲ့ ဝက်မြေစာဥရဲ့ အနံ့အရသာနဲ့အဟာရဓါတ်တွေဟာ ခေါင်းကိုက်တာကို သက်သာပျောက်ကင်းစေပါတယ်။

အရိုးပွရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း

BoneHealthHero

ကယ်လ်ဆီယမ်၊ ကြေးနီ၊ သွပ်စတဲ့ဓါတ်တွေပါဝင်တဲ့ ကျွဲခေါင်းသီးဟာ အရိုးအားနည်းတာ အရိုးပွတာစတဲ့ အရိုးနဲ့ပတ်သတ်တဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး အရိုးကိုသန်မာစေပါတယ်။

နှလုံးကျန်းမာရေး

High resolution man drawing chart heartbeat

သွေးဖိအားကိုကျစေပြီး နှလုံးကျန်းမာရေးကိုအားကောင်းစေပါတယ်။

အယ်လ်ဇိုင်းမားလ်( မှတ်ဉာဏ်ချို့ယွင့်တဲ့ရောဂါ) ဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

IMG_5883[1]

ဗီတာမင်1ပါဝင်တဲ့ ကျွဲကောသီးဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။

သွားကျန်းမာရေး

3-DIY-Homemade-Natural-Toothpaste-to-Keep-Your-Teeth-and-Gums-Healthy

သွားနဲ့ခံတွင်းကို ကျန်းမာစေပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဖော့စဖော့ရပ်စ်ဓါတ်ပါဝင်လို့ ကလေးငယ်တွေရဲ့ သွားနဲ့သွားဖုံးကျန်းမာရေးအတွက် စားသုံးပေးသင့်ပါတယ်။

Source: The Indigenous Bartender