ဆောင်းတွင်းရောက်လာတော့ အသားအရေတွေခြောက်ကပ်ပြီး ခြေဖနောင့်တွေကွဲအက်လာတတ်ပါတယ်။

ဒါကြောင့် ခြေဖနောင့်ကွဲအက်တာတွေ သက်သာစေမယ့်နည်းလမ်းကိုဝေမျှချင်ပါတယ်။

အဆင့် ၁။ ရေနွေးကုထုံး

လိုအပ်တဲ့ ပစ္စည်းများ

ရေနွေးနွေးလေး

Baking Soda စားပွဲတင်ဇွန်း ၂ ဇွန်း

Pumice Stone လို့ခေါ်တဲ့ ကျောက်တုံးကြမ်း

ဆား စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ရေနွေး နွေးနွေးလေးကို ဇလားတစ်ခုထဲထည့်ပြီး မုန်ု့ဖုတ်ဆိုဒါ (Baking Soda) နဲ့ ဆားနဲ့ထည့်ပြီး မွှေပါ။ အဲ့ဒီရေထဲကို ၁၅ မိနစ်လောက်ခြေထောက်စိမ်ပါ။ ၁၅ မိနစ်စိမ်လို့ ရေနဲ့နူးသွားရင် Pumice Stone လို့ခေါ်တဲ့ ကျောက်တုံးကြမ်းလေးနဲ့ ခြေဖနောင့်မှာရှိတဲ့ ဆဲလ်အသေတွေ ကို ပွတ်ပြီး ဖယ်ရှားပေးပါ။

အဆင့် ၂။ Scrub

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား

ရေဇလုံတစ်ခုထဲမှာ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ဇွန်းနဲ့သကြား ၁ဇွန်းတို့ကိုထည့်ပါ။ ခြေထောက်ကို ဇလုံထဲထည့်ထားပြီး အဲ့ဒီအနှစ်တွေနဲ့ ၅ မိနစ်လောက်ပွတ်တိုက်ပါ။ ပြီးရင် ရိုးရိုးရေနဲ့ ဆေးပါ။

အဆင့် ၃။ Moisturizer

ဖယောင်းတိုင်

သံလွင်ဆီ

ဖယောင်းတိုင် အစလေး အနည်းငယ်ကို သံလွင်ဆီနဲ့ ခွက်တစ်ခုထဲမှာရောပါ။

ရေနွေး ပွက်ပွက်ဆူတာကိုလောင်းထည့်ရင် အရည်ပျော်သွားပါလိမ့်မယ်။

ခရမ်လေးဖြစ်အောင် အအေးခံလိုက်ပါ။

ဒီခရမ်လေးကို ခြေထောက်မှာလိမ်းပြီး ခြေအိတ်လေးစွပ်ထားပါ။