တစ်ယောက်နဲ့တစ်ယောက် ဖက်တာဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေပါ အများကြီးရှိပါတယ်။

ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပါတယ်။

စက္ကန့်၂၀ သို့မဟုတ် စက္ကန့် ၂၀ ထက်ပိုပြီး ဖက်ပေးထားရင် ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ရောဂါတွေကို ကာကွယ်ပေးပါတယ်။

အိုမင်းတဲ့နှုန်းကို လျော့ချပေးခြင်း

ဖက်ထားပေးတာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အိုမင်းတဲ့နှုန်းကိုလည်းလျော့စေပါတယ်။

အားအင်တွေ ပေးစွမ်းနိုင်

တစ်နေကုန် အလုပ်ကနေ ပြန်လာလို့ပင်ပန်း နွမ်းနယ်နေချိန်မှာ တစ်ယောက်ယောက်က ဖက်ထားပေးရင် အားအင်တွေ ပြန်ဖြည့်ပေးသလို ခံစားရပါလိမ့်မယ်။ ဥပမာ ဘက်ထရီအားပြန်သွင်းသလိုပေါ့။

ခက်ခဲတဲ့ အခြေအနေတွေမှာ ကျော်လွှားနိုင်အောင် ကူညီပေး

အရမ်း ခက်ခဲနေတဲ့ အခြေအနေရောက်နေရင် လူတစ်ယောက်ရဲ့ဖက်ပြီး အားပေးမှုကို လိုအပ်ပါတယ်။ ဒီလို ဖက်ပြီး အားပေးလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ အားအင်တွေပြည့်ဝစေပြီး အခက်အခဲကို ကျော်လွှားနိုင်အောင်ကူညီပေးပါတယ်။

ပိုပျော်ရွှင်စေ

လူတစ်ယောက်နဲ့တစ်ယောက်ဖက်ရင် Oxytocin ဟော်မှုန်းတွေထွက်ပါတယ်။ ဒီဟော်မှုန်းက ပျော်ရွှင်မှုကို ခံစားရလို မိသားစုဝင်အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းမှာ ခိုင်မာတဲ့ သံယောဇဉ်ဖြစ်အောင် ကူညီပေးပါတယ်။

စိတ်ဓာတ်ကျမှုကို တိုက်ဖျက်ပေး

လူတစ်ယောက်နဲ့တစ်ယောက်ဖက်ရင် စိတ်ဓာတ်ကျတာကိုဖြစ်စေတဲ့ Cortisol ဟော်မှုန်းကို လျော့ချပေးနိုင်သလို ပျော်ရွှင်တဲ့ ဟော်မှုန်းဖြစ်တဲ့ Serotonin ကို ပိုပြီး ထွက်စေပါတယ်။

ဒါ့ကြောင့် ဖက်လိုက်ရင် အာရုံကြောစနစ်နဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို တည်ငြိမ်စေပါတယ်။

ကိုယ့်ကိုကို ယုံကြည်မှု တိုးစေ

ဖက်ထားရင် ပိုပြီး လုံခြုံမှုကို ခံစားရမှာပါ။ အဲ့ဒီအပြင် ကိုယ့်ကို ယုံကြည်မှုကို ပိုတိုးစေပြီး ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။

ပါးစပ်နဲ့ပြောရခက်တဲ့ စကားလုံးတွေကို နားလည်အောင်ကူညီပေး

ချစ်ခြင်းမေတ္တာလိုမျိုးတွေက ပါးစပ်နဲ့တိတိ ကျကျ ပြောရခက်တဲ့ အကြောင်းအရာတွေပါ။ ဒါ့ကြောင် ပါးစပ်နဲ့ပြောတာထက် ပွေ့ဖက်လိုက်တာက ချစ်ခြင်းမေတ္တာကို ပိုပြီး ထိထိရောက်ရောက် ဖော်ပြနိုင်ပါတယ်။