ရင်သား ကျန်းမာရေးအတွက်

• ပန်းဂေါ်ဖီစိမ်း
• မှို
• Green Tea

အထက်မှာ ဖော်ပြထားတဲ့ အစားအစာများက ကင်ဆာရောဂါကို ကာကွယ်ပေးပြီး အထူးသဖြင့် ရင်သား ကင်ဆာဆဲလ်တွေ မဖြစ်ပေါ်လာအောင် ကာကွယ်ပေးပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ Indole-3-Carbinol ဆိုတဲ့ Antioxidants တွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် စားသုံးနေကျ အစားအစာတွေထဲမှာ ပန်းဂေါ်ဖီစိမ်း၊ မှိုနဲ့ Green Tea တို့ကို ထည့်သွင်းစားသုံးပေးပါ။

15593260-6033810-4-0-1503062398-1503062403-650-1-1503062403-650-04f9ebaa03-1503066535

အရိုးနဲ့သွားများကို ကျန်းမာသန်စွမ်းစေဖို့

• ချီစ်
• လိမ္မော်သီး ဖျော်ရည်
• ဂေါ်ဖီထုပ်

ကယ်ဆီယမ်ဓာတ်က အရိုးတွေ သွားတွေ ခိုင်မာဖို့အတွက် အဓိက ကျတဲ့ ဓာတ်ဖြစ်ပါတယ်။ ဗီတာမင် D ကလည်း ကယ်ဆီယမ်ဓာတ် စုပ်ယူမှုကို မြှင့်တင်ပေးပြီး အရိုးတွေပွတာကိုလည်း ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် ဗီတာမင် D က စိတ်ခံစားချက်ကို ကောင်းမွန်အောင်ကူညီပေးပါတယ်။

15593310-6034560-5-0-1503062521-1503062526-650-1-1503062526-650-04f9ebaa03-1503066535

ဟော်မှုန်းတွေ ထိန်းညှိနိုင်ဖို့

ဟော်မှုန်းတွေ ထိန်းညှိနိုင်ဖို့အတွက် Omega-3 Fatty အက်ဆစ်၊ ဗီတာမင် E ၊ အိုင်အိုဒင်းဓာတ်၊ ကလိုရင်းဓာတ်နဲ့ ဗီတာမင်စီတို့ ရရှိဖို့လိုအပ်ပါတယ်။

ဒါကြောင့် ကိုယ်စားနေတဲ့ အစားအစာတွေထဲမှာ ဆယ်မွန်ငါး၊ အခွံမာအသီးနဲ့ အစေ့ကနေ ထုတ်လုပ်ထားတဲ့ ဆီတို့ သုံးစွဲသင့်ပါတယ်။
ကြွက်သားတွေ ဖွံ့ဖြိုးပြီး ကိုယ်အလေးချိန် ထိန်းညှိနိုင်ဖို့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်လှပ တောင့်တင်းဖို့အတွက် အဓိက လိုအပ်ပါတယ်။ အဲ့ဒီအပြင် ဇီဝကမ္မဖြစ်စဉ်တွေ အားကောင်းစေဖို့လည်း ကူညီပေးပါတယ်။ ဒါကြောင့် အနီရောင်ရှိတဲ့ အသား၊ ကြက်ဥ နဲ့ ပဲအမျိုးမျိုးကို စားသုံးပေးသင့်ပါတယ်။