Global Wellness Day နေ့ကို နိုင်ငံပေါင်း ၁၀၀ကျော် နေရာပေါင်း ၅၀၀၀ နီးပါးမှာ ကျင်းပကြသလို ကျွန်မတို့မြန်မာနိုင်ငံမှာလည်း ထိုနေ့ကို ဂုဏ်ပြုဖို့ရာ ကျန်းမာရေးနဲ့ ညီညွတ်မယ့် လှုပ်ရှားမှုများကိုပြုလုပ်ပြီး ဇွန်လ ၉ရက် စနေနေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုလာမယ့် စနေ့ ဇွန်၉ရက်နေ့ ဟာ(၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးကောင်းစေသောနေ့ အထိမ်းအမှတ်ဖြစ်ပေမယ့် ကမ္ဘာအရပ်ရပ်မှာတော့ ခမ်းခမ်းနားနားကျင်းပကြတာ စတုတ္ထကြိမ်မြောက်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံပေါင်း ၁၀၀ကျော်ရဲ့ နေရာပေါင်း ၅၀၀၀ကျော်မှာGlobal Wellness Day နေ့အတွက် ကျန်းမာရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုများကို စီးပွားရေးဆန်ဆန်မဟုတ်ပဲ အခမဲ့ပြည်သူတွေအတွက် ရည်ရွယ်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။

GWD ကိုကမ္ဘာအရပ်ရပ်မှာ သတ်မှတ်ဖို့အကြံပေးခဲ့တာကတော့ တာကစ်ရှ် လူမျိုးဖြစ်တဲ့Aksoy Berkin ရဲ့ အိမ်မက်ပဲဖြစ်ပါတယ် သူဟာကင်ဆာရောဂါကို ခံစားရပြီးမှပြန်လည်ကောင်းမွန်လာတဲ့Cancer Survivor တစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့စိတ်ကူးအိမ်မက်ဟာ နိုင်ငံတကာမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေ သံအမတ်တွေ အကြံပေးပုဂ္ဂိုလ်တွေGWD နေ့ဖြစ်မြောက်ရေးမှာ လောလော လတ်လတ်ပံ့ပိုးနေတဲ့သူတွေရဲ့ နှလုံးသားကိုတို့ထိလှုံ့ဆော်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာ့အနှံ့အပြားမှာ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးကောင်းသောနေ့ ဆိုပြီးစတင်ပေါ်ပေါက်လာပါတော့တယ်။

ဒီနှစ်မှာတော့Threehouse Garden နဲ့AnaRed Event & Entertainment ဟာပူးပေါင်းပြီး Global Wellness Day ကို မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေအပြင် ကလေးတွေအတွက်ပါYoga တို့Zumba တို့အစရှိတဲ့ အစီအစဉ်ကိုလည်း ပထမဦးဆုံးအကြိမ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

World Health Day နဲ့Global Wellness Day ကွာခြားမှုကတော့ GWD ဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပဲ မဟုတ်ဘဲ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ကျန်းကျန်းမာမာဖြင့် နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ဖို့အတွက် ခွန်အားပေးတာလို့လည်းပြောလို့ရပါတယ်။ ခုလိုက်နာသင့်တဲ့ အဆင့်၇ဆင့်ဟာ သင့်ခန္ဓာကိုယ်ဟာ ပိုမို ပျော်ရွှင်ကောင်းမွန်ပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့ အထောက်အကူပြုမှာပါ။ GWD ရဲ့ဆောင်ပုဒ်ကတော့“ဒီတစ်နေ့ဟာ သင့်တစ်ဘဝလုံးကိုပြောင်းလဲပေးနိုင်မှာ” ဆိုတာပါပဲ။ သင့်ဘဝကို အကောင်းမွန်ဆုံး ဖြတ်သန်းနိုင်ဖို့ ခြေတလှမ်းအလိုကိုGWD နေ့နဲ့အစပြုလိုက်ပါ။

တစ်နာရီ နီးပါးလောက်လမ်းလျှောက်ပါ။

လမ်းလျှောက်ခြင်းဟာ လူတစ်ယောက်ကို ပျော်ရွှင်မှုပေးနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဦးနှောက်က လမ်းလျှောက်တဲ့အခါEndorphinကိုထုတ်လွတ်ပြီး ကြွက်သားတွေကိုပိုမို သန်မာစေတဲ့အပြင် ဗိုက်မှာရှိတဲ့အဆီတွေနဲ့Cholesterol ကို လျှော့ကျစေလို့ သင့်ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီးမစိုးရိမ်ရတော့ဘူးပေါ့။

ရေများများသောက်ပါ။

ရေများများသောက်ခြင်းဟာ သင့်ကို မောပန်းခြင်း၊ ခန္ဓာကိုယ်မှာရှိသင့်တဲ့ ဓာတ်တွေဆုံးရှုံးခြင်း ၊ မှတ်ဥာဏ်နဲ့ပတ်သက်တဲ့မေ့လျှော့

ခြင်းရောဂါတွေမှကာကွယ်ပေးနိုင်ပါတယ်။Carbonated drink တွေထက် ရေကိုပိုသောက်တတ်တဲ့ အကျင့်ကိုပြင်ပေးပါ။

Plastic ရေသန့်ဗူးတွေကို အသုံးမပြုပါနဲ့။

Plastic ရေသန့် တွေမှာPetroleum စွန့်ပစ်ပစ္စည်းတွေကနေပြုလုပ်ထားတဲ့အတွက် သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ကောင်းမှုပြုပါ။

ကောင်းမှုတွေပြုလုပ်ခြင်းဖြင့်ကမ္ဘာကြီးကို ကောင်းမွန်တဲ့နေရာ အဖြစ်နေထိုင်နိုင်ဖို့ဖန်တီးလိုက်ပါ။ သင့်ရွေးချယ်ပြီးလုပ်လိုက်တဲ့ ကောင်းမှုအပြောင်းအလဲဟာ တစ်ပါးသူအတွက်ပါပြောင်းလဲစေမှာပါ။

သင့်ကိုချစ်ခင်တဲ့သူတွေ မိသားစုတွေကို အချိန်ပေးပါ။

ကိုယ့်ကို ဘာဖြစ်ဖြစ်အပြစ်မမြင်ပဲ ချစ်ခင်ပေးတဲ့မိသားစု အပြင် တစ်ခြားသောအရင်းနှီးဆုံးချစ်ခင်ရတဲ့သူတွေကို အချိန်ပေးဖို့တော့လိုပါတယ်။ ညစာအတူတူစားတာပဲဖြစ်ဖြစ် မျက်နှာချင်းဆိုင်အချိန်ယူစကားပြောပေးတာပဲ ဖြစ်ဖြစ် လုပ်ပေးပါ။ သူတို့ရဲ့ခံစားချက် အကြံပြုမှုတွေကို အလေးထားပြီးနားထောင်ပေးပါ။

ညဘက်ကို စောစောအနားယူပါ။

ကျွန်ုပ်တို့ ကိုယ်ခန္ဓာဟာ တစ်ချို့ဖြစ်စဉ်တွေမှာ သူဟာသူပြုပြင် ကုသပါတယ်။ ရောဂါ ပိုးမွှားတွေဘေးမှ ကာကွယ်ပေးတာတို့ အရွယ်မတိုင်အိုမင်းမှုကိုထိန်းပေးတာမျိုးစတဲ့ အသေးစိတ်တွေကိုHuman Growth Hormone လို့ခေါ်တဲ့ ဟိုမုန်းအားဖြင့် ညဖက် အနားယူအိပ်စက်ချိန်မှာ ဦးနှောက်ကနေထုတ်လွှတ်ပြီး သွေးကြောတွေအထိ ခန္ဓာကိုယ်အနှံ့အပြားကိုပြန့်နှံ့စေပြီး ကုသပေးပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ည ၁၀ နာရီထက်နောက်ကျပြီး မအိပ်ပဲမနေသင့်ပါဘူး။

အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေသောနေ့Global Wellness Day ရဲ့အဓိကရည်ရွယ်ချက်ဟာ စိတ်ကျန်းမာကိုယ်ကျန်းမာစွာနဲ့ ကောင်းမွန်စွာနေထိုင်နိုင်ဖို့ဟာ ခဏတာပကာသန မဟုတ်ပဲ တစ်ဘဝစာ အမွေအနှစ် အဖြစ် တစ်ဦးတစ်ယောက်စီတိုင်းမှာ ကျန်ရစ်ခဲ့စေချင်တာပါ။

ကမ္ဘာအနှံ့အပြားမှာ ဒီနေ့နဲ့ပတ်သက်ပြီး ဘယ်လိုတွေ အစီအစဉ် ကျန်းမာရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ဂုဏ်ပြုသွားကြမယ်ဆိုတာကို သိချင်ရင်#GlobalWellnessDay #GWD2018mmy ဆိုပြီးHashtag နဲ့ရှာပြီးကြည့်ရှု့နိုင်ပါတယ်။MyHealth ကနေလည်း ဇွန်လ ၉ရက်နေ့ကို ပံ့ပိုး ဂုဏ်ပြုတဲ့အနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။ Global Well Day နဲ့ပတ်သက်လို့ အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါ လင့်ခ်ထဲသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/GlobalWellnessDayMyanmar/