အကယ်၍ သင်ဟာဆေးလိပ်သောက်တတ်တဲ့သူ ဖြစ်မယ်ဆိုရင် တချို့အချိန်တွေမှာ စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာ၊ ဒေါသထွက်စရာတွေ ကြုံလာရရင် ဆေးလိပ်သောက်ပြီးစိတ်ငြိမ်အောင် ကြိုးစားဖူးမှာပါ။ ဆေးလိပ်တလိပ်လောက် သောက်လိုက်တာက အခိုက်အတန့်တော့စိတ်ငြိမ်သွားတယ်လို့ သင်ထင်မိမှာပါပဲ။

ဆေးလိပ်သောက်သူတော်တော်များများကလည်း ဒီကိစ္စကို လက်ခံထားကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့လုပ်ရပ်ပါ။ ဆေးလိပ်ဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့အရာပါ။ အဓိကအနေနဲ့ ကင်ဆာရောဂါ၊ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေက ဆေးလိပ်သောက်တာကြာလာတာနဲ့အမျှ ဖြစ်လာမှာပါ။

ပညာရှင်တွေကတော့ “ဆေးလိပ်သောက်ခြင်းက တကယ်ကို စိတ်ကျန်းမာရေးအခြေအနေတွေကို ပိုမိုကောင်းမွန်တိုးတက်လာစေမယ် ဆိုရင် ပြည်သူ့စိတ်ကျန်းမာရေးအတွက် ဆေးလိပ်က အကောင်းဆုံးဆိုပြီး ပြဠာန်းပေးထားမှာပေါ့” လို့ ဆိုပါတယ်။

အမှန်တော့ ဆေးလိပ်ဖြတ်လိုက်ခြင်းကမှ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ရော သင့်ရဲ့ နေ့စဉ်လူနေမှုဘဝကိုပါ ပြောင်းလဲတိုးတက်စေမှာပါ။ ဆေးလိပ်မသောက်ဘဲနေတာ ရက်ပိုင်းအတွင်းမှာ သင့်ရဲ့ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုစတာတွေကို လျော့နည်းသွားစေပါတယ်။ Australian ပညာရှင်တွေရဲ့Black Day Institute သုတေသနပြုလုပ်ချက်အရ ဆေးလိပ်ဖြတ်လိုက်တဲ့လူတယောက်ရဲ့ စိတ်အခြေအနေဟာ စိတ်ကျရောဂါကြောင့် ကုသမှုကိုခံယူပြီးတဲ့ လူရဲ့စိတ်အခြေအနေတိုးတက်မှုနဲ့ အတူတူပဲ ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ဒါကြောင့်သင်ဟာဆေးလိပ်စွဲနေတယ်ဆိုရင်လည်း ဖြတ်နိုင်အောင်ကြိုးစားပါ။ လုံးဝမဖြတ်နိုင်သေးဘူးဆိုရင်တောင် အနည်းဆုံးတော့ လျော့သောက်နိုင်အောင်ကြိုးစားပါ။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ သင့်ရဲ့လူနေမှုပုံစံ ဘယ်လိုပြောင်းလဲသွားလဲဆိုတာ သင်သိလာမှာပါ။

Featured Image Source: Dave Asprey Blog