မူးဝေအော့အန်တာက နေရခက်တဲ့ ရောဂါမျိုးပါ။ အထူးသဖြင့် အရေးကြီးတဲ့ပွဲတက်ရောက်စဉ်၊ အရေးကြီးတဲ့အလုပ်တွေ လုပ်နေချိန်မှာဆိုရင် အရမ်းကို အနှောင့်အယှက်ဖြစ်ပါတယ်။

ဂျင်းဟာ မူးဝေအော့အန်တာတွေအတွက် အချိန်တိုအတွင်းမှာ ပျောက်ကင်းနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ အဲ့ဒီအပြင် အစာအိမ် ပြဿနာ၊ အော့အန်တာတွေနဲ့ ဝမ်းလျှောတာတွေအတွက်လည်း ကောင်းပါတယ်။

မူးဝေအော့အန်တာတွေအတွက် ဂျင်း ရေနွေးကြမ်း

လိုအပ်သည့်ပစ္စည်းများ

  • ရေ
  • ဂျင်း လက်တဆစ်
  • သံပုရာသီး

ပြုလုပ်နည်း

ရေကို ပွက်ပွက်ဆူအောင် တည်ပါ။ ဂျင်းကို ပါးပါးလှီးပါ။ ပြီးရင် ပွက်ပွက်ဆူတဲ့ ရေထဲထည့်လိုက်ပါ။ ၂ မိနစ်လောက်ကြာရင် ဂျင်းကိုဖယ်လိုက်ပါ။ ဂျင်းအရသာ ပိုပြင်းချင်ရင် ရေနွေးထဲမှာ ၅ မိနစ်လောက်ထည့်ထားပါ။ ဂျင်း ရေနွေးကြမ်းကို သောက်လို့ရပါပြီ။ သံပုရာ အနံ့လေးကြိုက်ရင် သံပုရာသီးကို ညှစ်ထည့်ပါ။