လေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ်အလေးချိန်မကျလို့ စိတ်ညစ်နေပါသလား။ တခါတလေ လေ့ကျင့်ခန်းဘဲ လုပ်ပြီးလည်း ကိုယ်အလေးချိန် မကျတာမျိုးရှိပါတယ်။ ဒါကြောင့် အဆီကို အလျင်အမြန်ကျဆင်းစေမယ့် Detox Drinks လေးတွေလည်း သောက်သင့်ပါတယ်။
လုပ်ရတာလည်း လွယ်ကူပြီး အကျိုးရှိမယ့် Detox Drinks လေးကို ဝေမျှချင်ပါတယ်။

ဂျင်း Detox Drinks
ဂျင်းနဲ့ အဓိကလုပ်တဲ့ Detox Drinks လေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ

တောက်တောက်စဉ်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရေနွေးပူ ၂ ခွက်

Green Tea Bag ၁ ခု
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း


ပြုလုပ်နည်း

ရေခရားတစ်လုံးထဲကို ဂျင်းတွေထည့်လိုက်ပါ။ ရေနွေးပူပူထည့်လိုက်ပါ။ Green Tea အထုပ်ကို ခုနက ခရားထဲထည့်ပြီး ၅ မိနစ်လောက်ထားလိုက်ပါ။
Green Tea အထုပ်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပျားရည်ထည့်ပါ။ အားလုံးကို သမအောင်မွှေပြီး သောက်လို့ရပါပြီ။