ခါးမှာအဆီတွေစုနေလို့ စိတ်ညစ်နေလား။ ကိုယ်အလေးချိန်လျှော့ချဖို့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားတာ၊ လေ့ကျင့်ခန်းလုပ်တာတွေဟာ ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါတင်မကသေးပါဘူး။ အဆီတွေကို ဖယ်ရှားပေးမယ့် သဘာဝဖျော်ရည်လေးတွေကိုလည်းသောက်ပေးဖို့ အကြံပြုချင်ပါတယ်။

ဈေးကွက်မှာ ဝယ်လို့ရနေတဲ့ ဈေးကြီးတဲ့အဆီကျဖျော်ရည်တွေအစား သဘာဝဖျော်ရည်လေးကို ကိုယ်တိုင်လုပ်သောက်မယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွှတ်ပြီး ဘေးထွက်ဆိုးကျိုး ကင်းစေမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုများရင် ဗိုက်ပူလာတတ်သလား။

ပါဝင်ပစ္စည်း

ရေခွက်တစ်ဝက်

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုရာ ရည်

ပြင်ဆင်ခြင်း

မုန့်ဖုတ်ဆိုဒါကို ရေနဲ့ရောပါ။ ပြီးရင် မွှေလိုက်ပါ။ အဲဒီနောက် သံပုရာရည် ထည့်လိုက်ပါ။ ပြီးရင် သေချာမွှေပေးပါ။ အဲဒီနောက် မနက်အိပ်ယာနိုးနိုးချင် ဘာအစားမှမစားရသေးခင်မှာသောက်ပေးပါ။ အဲဒီဖျော်ရည်သောက်ပြီး မိနစ် ၂၀ ကြာမှ အစာအစားပါ။