အလုပ်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတွေ၊ အင်တာဗျုးတွေ တွေ့ရတဲ့အခါမှာ လူတိုင်းလိုလို စိတ်ပူမိကြတာက ခံတွင်းက အနံ့ဆိုးတွေ ထွက်မှာကိုပါပဲ။

ခံတွင်း အနံ့ဆိုးတွေ ထွက်ပေါ်နေမှုက ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံတွင်း ကျန်းမာရေး ပြဿနာပဲဖြစ်တာကြောင့် အမြဲလိုလို အိမ်သာထဲမှာ ဖြစ်ဖြစ် ခံတွင်း အနံ့ပျောက်ဆေးများကို ပလုတ်ကျင်းလေ့ရှိကြပါတယ်။

maxresdefault

ဒါပေမယ့် ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဒီပစ္စည်းများက အရောင်ဆိုးဆေးတွေ၊ ဓာတုပစ္စည်းများအသုံးပြုကာ ထုတ်လုပ်ထားတာကြောင့် သဘာဝနည်းလမ်းလောက်တော့ ဘေးထွက်ဆိုးကျိုး နည်းမှာ မဟုတ်ပါဘူး။

ဒီ ဓာတုပစ္စည်းများနှင့် လုပ်ထားတဲ့ ခံတွင်း ပလုပ်ကျင်းရသည့် ပစ္စည်းများကလည်း နာရီပေါင်းများစွာကြာမြင့်အောင် အနံ့ပျောက်ကင်းအောင် မလုပ်ဆောင်နိုင်ပါဘူး။

တချို့ပါဝင်ပစ္စည်းများကလည်း ခံတွင်း ကင်ဆာနှင့် ဆက်စပ်နေတယ်လို့ သုတေသန ပြုချက်တွေက ဆိုထားပါတယ်။

သဘာဝနည်းလမ်းနှင့် ခံတွင်း အနံ့ဆိုးတွေ ပျောက်စေဖို့ အောက်ပါနည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံပုရာသီး ၂ လုံး
  • သစ်ကြားပိုးခေါက်အမှုန့် စားပွဲတင်ဇွန်း တစ်ဝက်
  • မုန့်ဖုတ် ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  • ရေနွေး နွေးနွေးလေး တစ်ခွက်

mouthwash

ပြုလုပ်ရမည့် နည်းလမ်း

သစ်ကြားပိုးခေါက် အမှုန့်ကို ခွက်တစ်ခွက်ထဲထည့်ပြီး၊ သံပုရာသီး ၂လုံးကို ညှစ်ထည့်လိုက်ပါ။ ပျားရည်ထည့်ပြီး မွှေလိုက်ပါ။ ရေနွေး နွေးနွေးလေး တစ်ခွက်ကို ခွက်ထဲထည့်ပြီး သမအောင် မွှေလိုက်ပါ။

အဲ့ဒီနောက် တစ်ခါ ပလုတ်ကျင်းရင် စားပွဲတင်ဇွန်း ၂ ဇွန်းစာ ဖျော်ရည်ကို ပါးစပ်ထဲ တစ်မိနစ်လောက် ငုံပြီး ပလုတ်ကျင်းပါ။ အဲ့ဒါဆိုရင်တော့ ခံတွင်းအနံ့ဆိုးတွေ ပျောက်ပြီး စိတ်လန်းဆန်းတက်ကြွလာမှာ ဖြစ်ပါတယ်။