မင်္ဂလာပါနော်။ မီးဖိုချောင်မှာ ပိုးဟပ်တွေရှိနေလို့ အစားအစာတွေမှာ ပိုးဟပ်တွေတက်နေလို့ စိတ်ညစ်နေလား။


ပိုးဟပ်ကိုဖယ်ရှားဖို့ ဆေးဖြန်းပေမဲ့ အနံ့အသက်ကလည်း မကောင်းလို့ စိတ်ညစ်နေလား။ ဒါဆိုရင်တော့ သဘာဝနည်းလမ်းကို စဉ်းစားကြရအောင်ပါ။

ကရဝေးရွက်ကိုသုံးမယ်

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ သုံးတဲ့ ကရဝေးရွက်က အရမ်းကိုအသုံးဝင်ပါတယ်။

ပိုးဟပ်က ကရဝေးရွက်ကို ကြောက်ပါတယ်။ ကရဝေးရွက်ကိုချထားလိုက်ရုံနဲ့ ပိုးဟပ်ပြေးပါတယ်။

မီးဖိုချောင် ဒါမှမဟုတ် ပိုးဟပ်မလာစေချင်တဲ့ နေရာတွေ အထူးသဖြင့် အစားအစာထည့်ထားတဲ့နေရာမှာ ကရဝေးရွက်ကို ချထားပေးပါ။

ကရဝေးရွက်ကို အခြောက်ပဲဖြစ်ဖြစ် အစိုပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ အခြောက်နဲ့ အမှုန့်ကို အသုံးပြုတာက ပိုပြီးကောင်းပါတယ်။