ဝမ်းဗိုက်မှာ အဆီတွေ ထွက်လာလို့ အင်္ကျီတွေ မတော်တော့ဘူးလား။ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အုန်းရေသောက်ရုံနဲ့ ၁၄ ရက်အတွင်း ဗိုက်ချပ်လာစေမှာဖြစ်ပါတယ်။
ကိုယ်အလေးချိန် ကျစေ
ကိုယ်အလေးချိန်ကျစေပြီး အထူးသဖြင့် ဝမ်းဗိုက်နားက အဆီတွေ ကျချင်ရင် ကိုယ်သောက်နေကျ အချိုရည်တွေ အစား အုန်းရေကို သောက်ပေးပါ။ အုန်းရေမှာ ကယ်လိုရီဓာတ်ပါဝင်မှုနည်းပြီး ဗိုက်ပြည့်နေသလို ခံစားရမှာပါ။ နေ့လယ်စာ၊ ညစာ မစားခင်မှာ အုန်းရေ တစ်ခွက်သောက်ပေးရင် အစာပမာဏ လျော့စားအောင် ကူညီပေးပါတယ်။
ရေဓာတ်တွေဖြည့်တင်းပေးနိုင်
အုန်းရေက ခန္ဓာကိုယ်အတွင်းမှာ အားတွေ ပြန်ရှိလာစေဖို့နဲ့ ရေဓာတ်တွေ ရှိနေအောင် ကူညီပေးပါတယ်။ ဒါကြောင့် အားကစား သမားတွေက ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးရင် အုန်းရေ သောက်လေ့ရှိပါတယ်။
အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေး
အုန်းရေမှာ အမျှင်ဓာတ်တွေအများကြီးပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) ကတောင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နေတဲ့ ကလေးတွေကို အုန်းရေ တိုက်ဖို့ ပြောကြားထားပါတယ်။
သွေးပေါင်ချိန် ပုံမှန်ဖြစ်
အုန်းရေက သွေးပေါင်ချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားနိုင်ပါတယ်။
အသားရေ ချောမွတ်စေ
အုန်းရေမှာ Antioxidant တွေအများကြီးပါဝင်တာကြောင့် အုန်းရေက အဆိပ်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေအများကြီးပေးနိုင်ပါတယ်။ မျက်နှာပေါ်မှာ လိမ်းပေးလည်းရပါတယ်။ သူက မျက်နှာ အသားအရေကို ချောမွတ်စေပါတယ်။
စိတ်ဖိစီးမှုကို လျှော့ချပေး
ပျားရည်မှာ ဗီတာမင်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ B-Complex ဗီတာမင်ဓာတ်က စိတ်ဖိစီးမှုနဲ့ စိတ်အပြောင်းအလဲဖြစ်မှုကို လျှော့ချပေးပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကလည်း စိတ်ဖိစီးမှုကို တိုက်ဖျက်နိုင်တဲ့ Serotonin ဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။
အရက်နာကျတာကိုလည်း ကုသပေးနိုင်
မနေ့ကညက သူငယ်ချင်းတွေနဲ့ ပျော်မြူးပြီး ရေချိန်တွေ လွန်သွားပါသလား။ နောက်နေ့မနက် အိပ်ရာထတဲ့အချိန်မှာ အရက်နာကျတဲ့ ဝေဒနာတွေကို သက်သာအောင် အုန်းရေသောက်လိုက်ပါ။ အုန်းရေက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ဗီတာမင်ဓာတ်တွေနဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
အရွယ်တင်နုပျိုစေ
အုန်းရေမှာ Cytokinins ဓာတ်ပါဝင်ပြီး အဲ့ဒီဓာတ်က ခန္ဓာကိုယ်က ဆဲလ်တွေကိုကောင်းစေပြီး ကင်ဆာရောဂါနဲ့အသက်အရွယ်ကြီးမြင့်မှုကြောင့် ဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် အရွယ်တင်နုပျိုစေပါတယ်။