တောက်တဲ့တွေရှိတဲ့အိမ်က လာဘ်လာဘတွေ ကောင်းတယ်လို့လည်း ယုံကြည်ကြသူတွေရှိသလို တောက်တဲ့တွေ ကြောက်သူတွေလည်း ရှိပါတယ်။

အထူးသဖြင့် သစ်တော်သစ်အုပ်တွေနဲ့နီးတဲ့ အိမ်တွေမှာ တောက်တဲ့တွေ နေတတ်ပါတယ်။ တောက်တဲ့တွေက အိမ်တွေရဲ့ ဟိုကြား ဒီကြားတွေ၊ ပြူတင်းပေါက်ဘောင် ကြားတွေ စတာတွေမှာ နေတတ်လေ့ရှိပါတယ်။

အိမ်မြှောင်အကြီးစားဖြစ်ပြီး အသေးဆုံးတောက်တဲ့တောင် လက်တစ်ဖဝါးစာ ကျော်လောက်ရှိပြီး “တောက်တဲ့ “ဆိုပြီး အော်လေ့ရှိပါတယ်။

ကြက်ဥအခွံတွေကို တောက်တဲ့တွေ နေတဲ့နေရာနားမှာ ချထားပါ

ကြက်ဥအခွံတွေကို အိမ်ပတ်လည်၊ တောက်တဲ့တွေ နေတဲ့နေရာနားမှာ ချထားပေးပါ။ ကြက်ဥအခွံက ထွက်တဲ့ အနံ့ကို တောက်တဲ့တွေကမကြိုက်ပါဘူး။ တောက်တဲ့တွေ အိမ်ကနေ ထွက်ပြေးသွားမှာပါ။

garlic

ကြက်သွန်ဖြူ

တောက်တဲ့ကလည်း ကြက်သွန်ဖြူရဲ့ အနံ့ကို မခံနိုင်ပါဘူး။ ဒါကြောင့် တောက်တဲ့လာတတ်တဲ့နေရာတွေမှာ ကြက်သွန်ဖြူတွေ ထားပေးထားလို့ရပါတယ်။ ဒါမှမဟုတ်လည်း ကြက်သွန်ဖြူကို ကြိတ်ပြီး ကြက်သွန်ဖြူအရည်ကို ရေအနည်းငယ်နဲ့စပ်ပြီး သူတို့နေတတ်တဲ့နေရာတွေမှာ ဖြန်းပေးထားပါ။

napthalene

ပရုတ်လုံး

ပရုတ်လုံးကလည်း တောက်တဲ့တွေကို ဖယ်ရှားနိုင်ပါတယ်။ ပရုတ်လုံးရဲ့ အနံ့ကို တောက်တဲ့တွေက မခံနိုင်ပါဘူး။ ဒါကြောင့် တောက်တဲ့ရှိတဲ့နေရာတွေမှာ ထားထားပေးပါ။

coldwater

ရေအေး

တောက်တဲ့တွေကို ဖမ်းရတာလည်း ခက်ပါတယ်။ ဒါပေမယ့် ရေအေး ဒါမှမဟုတ် ရေခဲရေကို စပရေးဗူးထဲထည့်ပြီး ဖြန်းပေးရင် နေရာမှတင်ရပ်သွားပါတယ်။ ဒါဆိုရင် ဖမ်းပြီး လွှတ်ပစ်လို့ရပါတယ်။

birdfeathers

ငှက်မွှေးထားပါ

ကိုယ့်ဗီဒိုပေါ်မှာ တောက်တဲ့တွေရှိနေတာကြောင့် ညအိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။ ကိုယ့်အခန်းထဲကို မလာစေချင်ရင် ငှက်မွှေးတွေနဲ့ အလှဆင်ထားတဲ့ပစ္စည်းတွေ ထားပေးပါ။