ကြက်သွန်ဖြူကို နွားနို့နဲ့စိမ်ပြီးသောက်ဖူးပါသလား။ ဒါဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုပါတယ်။
၁။ ပန်းနာရင်ကြပ်ရောဂါ
၂။ အဆုတ်ရောင်ရောဂါ
၃။ တီဘီရောဂါ
၎။ နလုံးနဲ့ဆိုင်ရာ ရောဂါတွေ
၅။ အိပ်မပျော်တာ
၆။ အဆစ်အမြစ်ရောင်တာ
၇။ ချောင်းဆိုးတာ နဲ့ တခြားရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။
ဘယ်လိုလုပ်မလဲ
ပါဝင်ပစ္စည်းတွေကတော့
နွားနို့ ၅၀၀ မီလီလီတာ
ကြက်သွန်ဖြူ အခွံနွှာပြီးထုပြားထားပြီးသား ၁၀ မွှာ
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့) ၃ ဇွန်း
ရေ ၂၅၀ မီလီလီတာ
ပြင်ဆင်ခြင်း
အိုးတစ်လုံးကိုယူပါ။ ရေနဲ့နွှားနို့ထည့်ပါ။ ပြီးရင် ကြက်သွန်ဖြူထည့်ပြီး မီးကိုဖွင့်လိုက်ပါ။ ဆူလာတဲ့ထိသည်ထားပါ။ ဆူလာပြီဆိုရင် အပူရှိန်ကိုနည်းနည်းလျှော့လိုက်ပါ။ ဇွန်းနဲ့ သေချာမွှေပေးပါ။ စောစောက သည်ထားတာထက် နို့က တစ်ဝက်လောက်ကျသွားပြီဆိုရင် ရပါပြီ။
ပြီးရင် ရေဆစ်လိုက်ပါ။ သကြားထည့်ပါ။
ပူနေတုန်းသောက်လိုက်ပါ။