ဝမ်းချုပ်ရင် နေရထိုင်ရခက်ခဲပြီး နေရထိုင်ရတာ သက်တောင့်သက်သာမရှိပါဘူး။ တခါတရံကျရင် ခေါင်းကိုက်တတ်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တဲ့အချိန်မှာ စားပေးသင့်တဲ့ အသီးများကို ဝေမျှပေးချင်ပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးတွေက အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့ အသီးပါ။ စတော်ဘယ်ရီ ၁၅၀ ဂရမ်မှာ အမျှင်ဓာတ်က 2.9 ဂရမ်ပါပြီး Cranberries မှာ 3.6 ဂရမ်ပါဝင်ပါတယ်။

Blackberries နဲ့ Raspberries တို့က ဘယ်ရီသီးအုပ်စုထဲမှာ အမျှင်ဓာတ်ပါဝင်မှု အများကြီးဖြစ်ပြီး ၁၅၀ ဂရမ်မှာ အမျှင်ဓာတ် 8 ဂရမ်ပါဝင်ပါတယ်။

ကောင်းမွန်တဲ့ အစာခြေစနစ်ကို ရရှိဖို့ လူတစ်ယောက်က တစ်နေ့ကို အမျှင်ဓာတ် 20 ကနေ 30 ဂရမ်ကြား လိုအပ်ပါတယ်။ ဘယ်ရီသီးတွေမှာ ကယ်လိုရီပါဝင်မှု အရမ်းနည်းပြီး ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ခန္ဓာကိုယ်ရှိ Free Radicals တွေဖယ်ရှားပေးပါတယ်။

ဇီးသီး

ဝမ်းချုပ်ရင် အဘွားတွေ၊ အမေတွေ ဇီးသီးတွေ စားခဲ့ကြတာ သင်တွေ့ဖူးမှာပါ။ ဇီးသီးက အစာအိမ် လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါ့ကြောင့် ထမင်းစားပြီး အချိုတည်းတာဖြစ်ဖြစ် စားသင့်ပြီး ဖျော်ရည်ဖျော်သောက်လည်းရတယ်နော်။

ပန်းသီး

ပန်းသီးက ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီအညွတ်ဆုံးအသီးလို့တောင် ပြောလို့ရပါတယ်။ သူ့မှာ အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ပန်းသီးက အစာခြေစနစ်ကို ထောက်ပံ့ပေးပြီး Pectin ဓာတ်ပါဝင်တာကြောင့် ဝမ်းချုပ်တာကို သက်သာစေပါတယ်။

ကီဝီသီး

ကီဝီသီးမှာ Actinidin ဆိုတဲ့ အင်ဇိုင်းဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးပါတယ်။

အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။