[Unicode]

ဆီးချိုဖြစ်ပြီဆိုရင် အထူးသဖြင့် နှလုံးရောဂါအပါအဝင် တခြားရောဂါအမျိုးမျိုးဖြစ်လာနိုင်ချေရှိလို့ အစားအစာကိုအထူးဂရုစိုက် စားပေးဖို့လိုပါတယ်။

ပန်းသီး

apples

ပန်းသီးဟာ ဆီးချိုသမားတွေ စားပေးနိုင်တဲ့အသီးဖြစ်ပါတယ်။ ဆီးချိုသမားတွေ စားပေးနိုင်တဲ့အစားစာအညွှန်းတွေထဲမှာ ထိတ်တန်းက ဖော်ပြကြတဲ့အသီးပါ။

မာလကာသီး

Guava

မာလကာသီးကို အခွံမပါဘဲ စားသုံးတာဟာ သွေးတွင်းကို သကြားစုပ်ယူနိုင်မှု လျှော့နည်းစေပါတယ်လို့ ထိုင်ဝမ်ရှိ I-Shou University ကလေ့လာတွေ့ရှိထားပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့လည်း ဆီးချိုကို ထိန်းထားပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပြီး သွေးဖိအားကိုလည်း ထိန်းထားပးနိုင်ပါတယ်။

သင်္ဘောသီး

18big-papayas

သင်္ဘောသီးကို ဆီးချိုသမားတွေ စားပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ တခြားသတ္တုဓါတ်တွေပါဝင်လို့ ဆီးချိုသမားတွေအတွက်သင့်တော်ပါတယ်။ ဆဲလ်တွေပျက်ဆီးခြင်းကနေလည်းကာကွယ်ပေးပြီး နှလုံးကိုလည်းကာကွယ်ပေးနိုင်သလို အာရုံကြောစနစ်ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ချယ်ရီသီး

cherries

ချယ်ရီသီးဟာ ဆီးချိုသမားတွေ စားသုံးနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အသီးမှာပါဝင်တဲ့ ဓါတ်တစ်မျိုးက အင်ဆူလင်ပမာဏကိုမြင့်တင်ပေးလို့ သွေးတွင်းသကြားဓါတ်ကို ထိန်းထားနိုင်ပါတယ်။ အဲဒီရဲ့ ဓါတ်ကိုတော့ Anthocyanins လို့ခေါ်ပြီး ချယ်ရီသီးအနီရောင်တောက်တောက်တွေမှာ ပိုပြီးပါဝင်ပါတယ်။

သစ်တော်သီး

Sweet pear

သစ်တော်သီးမှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး တခြားအာဟာရဓါတ်တွေလည်းပါဝင်လို့ ဆီးချိုသမားတွေ စားသုံးပေးနိုင်ပါတယ်။

သလဲသီး

Pomegranate11

သလဲသီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ သွေးကြောတွေကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ယိုထိုးထားတာ၊ ပြုပြင်ထားတာတွေကိုတော့ရှောင်ပေးသင့်ပြီး သဘာဝအတိုင်းစားသုံးပေးသင့်ပါတယ်။

ဖရဲသီး

Water-Melon-Reduce-Belly-Fat

အများအားဖြင့် ဖရဲသီးကို ဆီးချိုသမားတွေ မစားရဘူးလို့ ယူဆလေ့ရှိပါတယ်။ ဒါဟာမမှန်ကန်ပါဘူး။ သူ့မှာ Glycemic Index အညွှန်းကိန်းများပေမယ့် Glycemic Load ပါဝင်မှုနည်းပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်မားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်  ဖရဲသီးမှာ အဆီမပါသလို ကိုလက်စထရောလည်းပါဝင်မှုမရှိပါဘူး။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်ပါဝင်ပါတယ်။

မက်မွန်သီး

hero-peaches

မက်မန်းသီးဟာ အဆီမပါတဲ့အသီးဖြစ်ပြီး ဗီတာမင်နဲ့ သတ္တုဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့်လည်း အများအပြား မစားပေးသင့်ပါဘူး။ ချင့်ချိန်ပြီး အတော်အသင့်ပဲ စားပေးနိုင်ပါတယ်။

[Zawgyi]

ဆီးခ်ိဳျဖစ္ၿပီဆိုရင္ အထူးသျဖင့္ ႏွလံုးေရာဂါအပါအ၀င္ တျခားေရာဂါအမ်ိဳးမ်ိဳးျဖစ္လာႏိုင္ေခ်ရွိလို႔ အစားအစာကိုအထူးဂရုစိုက္ စားေပးဖို႔လိုပါတယ္။

ပန္းသီး

apples

ပန္းသီးဟာ ဆီးခ်ိဳသမားေတြ စားေပးႏိုင္တဲ့အသီးျဖစ္ပါတယ္။ ဆီးခ်ိဳသမားေတြ စားေပးႏိုင္တဲ့အစားစာအညႊန္းေတြထဲမွာ ထိတ္တန္းက ေဖာ္ျပၾကတဲ့အသီးပါ။

မာလကာသီး

Guava

မာလကာသီးကို အခံြမပါဘဲ စားသံုးတာဟာ ေသြးတြင္းကို သၾကားစုပ္ယူႏိုင္မႈ ေလွ်ာ့နည္းေစပါတယ္လို႔ ထိုင္၀မ္ရွိ I-Shou University ကေလ့လာေတြ႔ရွိထားပါတယ္။ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔လည္း ဆီးခ်ိဳကို ထိန္းထားေပးႏိုင္ပါတယ္။ ေသြးလည္ပတ္မႈကိုလည္းေကာင္းမြန္ေစၿပီး ေသြးဖိအားကိုလည္း ထိန္းထားပးႏိုင္ပါတယ္။

သေဘၤာသီး

18big-papayas

သေဘၤာသီးကို ဆီးခ်ိဳသမားေတြ စားေပးႏိုင္ပါတယ္။ ဗီတာမင္နဲ႔ တျခားသတၱဳဓါတ္ေတြပါ၀င္လို႔ ဆီးခ်ိဳသမားေတြအတြက္သင့္ေတာ္ပါတယ္။ ဆဲလ္ေတြပ်က္ဆီးျခင္းကေနလည္းကာကြယ္ေပးၿပီး ႏွလံုးကိုလည္းကာကြယ္ေပးႏိုင္သလို အာရံုေၾကာစနစ္ကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ခ်ယ္ရီသီး

cherries

ခ်ယ္ရီသီးဟာ ဆီးခ်ိဳသမားေတြ စားသံုးႏိုင္တဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ အသီးမွာပါ၀င္တဲ့ ဓါတ္တစ္မ်ိဳးက အင္ဆူလင္ပမာဏကိုျမင့္တင္ေပးလို႔ ေသြးတြင္းသၾကားဓါတ္ကို ထိန္းထားႏိုင္ပါတယ္။ အဲဒီရဲ့ ဓါတ္ကိုေတာ့ Anthocyanins လို႔ေခၚၿပီး ခ်ယ္ရီသီးအနီေရာင္ေတာက္ေတာက္ေတြမွာ ပိုၿပီးပါ၀င္ပါတယ္။

သစ္ေတာ္သီး

Sweet pear

သစ္ေတာ္သီးမွာ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္ၿပီး တျခားအာဟာရဓါတ္ေတြလည္းပါ၀င္လို႔ ဆီးခ်ိဳသမားေတြ စားသံုးေပးႏိုင္ပါတယ္။

သလဲသီး

Pomegranate11

သလဲသီးမွာ Antioxidant ေတြၾကြယ္၀စြာပါ၀င္လို႔ ေသြးေၾကာေတြကို ကာကြယ္ေပးပါတယ္။ ဒါေပမယ့္ ယိုထိုးထားတာ၊ ျပဳျပင္ထားတာေတြကိုေတာ့ေရွာင္ေပးသင့္ၿပီး သဘာ၀အတိုင္းစားသံုးေပးသင့္ပါတယ္။

ဖရဲသီး

Water-Melon-Reduce-Belly-Fat

အမ်ားအားျဖင့္ ဖရဲသီးကို ဆီးခ်ိဳသမားေတြ မစားရဘူးလို႔ ယူဆေလ့ရွိပါတယ္။ ဒါဟာမမွန္ကန္ပါဘူး။ သူ႔မွာ Glycemic Index အညႊန္းကိန္းမ်ားေပမယ့္ Glycemic Load ပါ၀င္မႈနည္းပါတယ္။ ဒါ့ေၾကာင့္ ေသြးတြင္းသၾကားဓါတ္ျမင့္မားမႈကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္  ဖရဲသီးမွာ အဆီမပါသလို ကိုလက္စထေရာလည္းပါ၀င္မႈမရွိပါဘူး။ ဒါ့အျပင္ ဗီတာမင္နဲ႔ သတၱဳဓါတ္ပါ၀င္ပါတယ္။

မက္မြန္သီး

hero-peaches

မက္မန္းသီးဟာ အဆီမပါတဲ့အသီးျဖစ္ၿပီး ဗီတာမင္နဲ႔ သတၱဳဓါတ္ၾကြယ္၀စြာပါ၀င္ပါတယ္။ ဒါေပမယ့္လည္း အမ်ားအျပား မစားေပးသင့္ပါဘူး။ ခ်င့္ခ်ိန္ၿပီး အေတာ္အသင့္ပဲ စားေပးႏိုင္ပါတယ္။