[Unicode]

ခေါင်းတစ်ခြမ်းကိုက်နေရင် အာရုံစိုက်ရတာခက်ခဲပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာဟာ တခါတလေ မိနစ်ပိုင်းအတွင်း ပျောက်ပေမယ့် တခါတလေ ကျရင် ရက်နဲ့ ချီပြီး ကြာမြင့်တတ်ပါတယ်။

ဒါကြောင့် အသီးဖျော်ရည်တွေသောက်ပြီး ပျောက်ကင်းနိုင်တဲ့ သဘာဝနည်းလမ်းကို ဝေမျှချင်ပါတယ်။

ဖရဲသီးနဲ့ သခွားသီး ဖျော်ရည်

Watermelon-and-pomegranate

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်သူတွေအတွက် ဖရဲသီးနဲ့သခွားသီး ဖျော်ရည်က အကောင်းဆုံးပါဘဲ။ ရောင်ရမ်းတာတွေကို လျော့ပါးစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး ၄ စိတ်
  • သခွားသီး တစ်ဝက်
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ ခွက် တစ်ဝက်
  • ပူစီနံရွက် ၂ ရွက်

watermelon5

ပြုလုပ်နည်း

ပူစီနံကလွဲပြီး ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီး ဖျော်ပါ။ အားလုံးကြေပြီး ပျစ်ချွဲချွဲ အရည်ရတဲ့အထိ ဖျော်ပါ။ ပြီးရင် ပူစီနံရွက်ခပ်ပြီး သောက်လို့ရပါပြီ။

နာနတ်သီး၊ ငှက်ပျောသီး၊ အုတ်ဂျုံ (Oat)

Antioxidants, အမျှင်ဓာတ်၊ အစာခြေ အင်ဇိုင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အားအင်ကို ပြည့်စေပါတယ်။ သွေးလည် ပတ်မှုအားကို ကောင်းစေပြီး ရောင်ရမ်းခြင်းကို လျော့စေပါတယ်။

ပါဝင်ပစ္စည်းများ

oats_32_large

နာနတ်သီး ၃ စိတ်

ငှက်ပျောသီး ၁ လုံး

အုတ်ဂျုံ စားပွဲတင်ဇွန်း ၃ ဇွန်း

ရေ တစ်ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ဖျော်စက်ထဲထည့်ပြီး သောက်ပါ။

[Zawgyi]

ေခါင္းတစ္ျခမ္းကိုက္ေနရင္ အာရုံစိုက္ရတာခက္ခဲပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တာဟာ တခါတေလ မိနစ္ပိုင္းအတြင္း ေပ်ာက္ေပမယ့္ တခါတေလ က်ရင္ ရက္နဲ႔ ခ်ီၿပီး ၾကာျမင့္တတ္ပါတယ္။

ဒါေၾကာင့္ အသီးေဖ်ာ္ရည္ေတြေသာက္ၿပီး ေပ်ာက္ကင္းႏိုင္တဲ့ သဘာ၀နည္းလမ္းကို ေ၀မွ်ခ်င္ပါတယ္။

ဖရဲသီးနဲ႔ သခြားသီး ေဖ်ာ္ရည္

Watermelon-and-pomegranate

ေရဓာတ္ခမ္းေျခာက္ျခင္းေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္သူေတြအတြက္ ဖရဲသီးနဲ႔သခြားသီး ေဖ်ာ္ရည္က အေကာင္းဆံုးပါဘဲ။ ေရာင္ရမ္းတာေတြကို ေလ်ာ့ပါးေစပါတယ္။

ပါ၀င္ပစၥည္းမ်ား

  • ဖရဲသီး ၄ စိတ္
  • သခြားသီး တစ္၀က္
  • ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
  • ေရ ခြက္ တစ္၀က္
  • ပူစီနံရြက္ ၂ ရြက္

watermelon5

ျပဳလုပ္နည္း

ပူစီနံကလြဲၿပီး ပါ၀င္ပစၥည္းေတြအားလံုးကို ေဖ်ာ္စက္ထဲထည့္ၿပီး ေဖ်ာ္ပါ။ အားလံုးေၾကၿပီး ပ်စ္ခၽြဲခၽြဲ အရည္ရတဲ့အထိ ေဖ်ာ္ပါ။ ၿပီးရင္ ပူစီနံရြက္ခပ္ၿပီး ေသာက္လို႔ရပါၿပီ။

နာနတ္သီး၊ ငွက္ေပ်ာသီး၊ အုတ္ဂ်ံဳ (Oat)

Antioxidants, အမွ်င္ဓာတ္၊ အစာေျခ အင္ဇိုင္းဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး အားအင္ကို ျပည့္ေစပါတယ္။ ေသြးလည္ ပတ္မႈအားကို ေကာင္းေစၿပီး ေရာင္ရမ္းျခင္းကို ေလ်ာ့ေစပါတယ္။

ပါ၀င္ပစၥည္းမ်ား

oats_32_large

နာနတ္သီး ၃ စိတ္

ငွက္ေပ်ာသီး ၁ လံုး

အုတ္ဂ်ံဳ စားပြဲတင္ဇြန္း ၃ ဇြန္း

ေရ တစ္ခြက္

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းေတြအားလံုးကို ေဖ်ာ္စက္ထဲထည့္ၿပီး ေသာက္ပါ။