ကိုယ်အလေးချိန် လျော့ချချင်ရင် အဓိက အရေးကြီးတာက ကိုယ်စားတဲ့ ကယ်လိုရီနဲ့ ကိုယ်အသုံးပြုလိုက်တဲ့ ကယ်လိုရီက ပိုများဖို့အရေးကြီးပါတယ်။

ယနေ့ခေတ် လူမှုဘဝပုံစံက လှုပ်ရှားမှု နည်းအောင် ဖန်တီးပေးထားပါတယ်။ ဒါ့ကြောင့် ကိုယ်စားသုံးတဲ့ ကယ်လိုရီလောက် ကိုယ့်တစ်နေ့တာ လှုပ်ရှားမှုက မလောင်ကျွမ်းနိုင်ကာ ကိုယ်အလေးချိန်ကို တက်တက်လာပါတယ်။

တချို့ကလည်း ကယ်လိုရီ စားသုံးတာလျော့ဖို့ ညနေစာ မစားကြပါဘူး။ လုံး၀ မစားတာထက်စာရင် ကယ်လိုရီပါဝင်မှုနည်းပြီး ဗိုက်ပြည့်စေမယ့် အသီးအနှံလေးတွေစားသုံးသင့်ပါတယ်။

ကီဝီသီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီး တို့နဲ့ ပြုလုပ်ထားတဲ့ Fruits Salad လေးကို ဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ (လူ ၄ ယောက်စာ အတွက်)

လိမ္မော်သီး ၂ လုံး

စတော်ဘယ်ရီသီး ၁၂ အောင်စ

ကီဝီသီး ၄ လုံး

သံပုရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

Maple Syrup စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

လိမ္မော်သီးတွေကို အခွံခွာပြီး လှီးထားပါ။ စတော်ဘယ်ရီသီးတွေကို ရေဆေးပြီး အညှာဖြုတ်ပါ။ ကီဝီသီးတွေကို အခွံခွာပြီး အတုံးလေးတွေ လှီးထားပါ။

ပါဝင်ပစ္စည်းအားလုံးကို ခွက်ကြီးကြီးတစ်ခွက်ထဲထည့်ပြီး နှံ့စပ်အောင် နယ်ပါ။

အရသာရှိတဲ့ Fruits Salad ကို စားသုံးလို့ရပါပြီ။