ဘယ်လောက်ပဲ အရသာရှိတဲ့အစားအစာတွေ ပေါနေပါစေ။ သဘာဝလောက်အာဟာရဖြည့်တင်းပေးနိုင်တာ ဘယ်ဟာမှမရှိပါဘူး။ အရင်ခေတ်အခါက လူကြီးတွေ အသက်ရှည်ကြတာလည်း ဒါကြောင့်မို့လို့ပါ။ အခုခေတ်မှာ အသင့်စာ စားသုံးမှုများလာတော့ ကိုယ်အလေးချိန်တွေ ရှိသင့်တာထက်ပိုတက်လာတယ်။ ကိုယ်အလေးချိန်တက်လာတာနဲ့အမျှ နှလုံး၊ သွေးတိုးရောဂါကစပြီး ရောဂါဘယပေါင်းစုံ ခန္ဓာကိုယ်ထဲဝင်လာပါတော့တယ်။

ဒါပေမယ့်လည်း ခေတ်မီအသင့်စာပေါနေတဲ့ ဒီခေတ်အခါမှာ သဘာဝဟင်းသီးဟင်းရွက် သစ်သီးသစ်ဖုတွေပဲ စားရမယ်မဆိုလိုပါဘူး။ လေ့လာချက်အရ အခုဖော်ပြမယ့် သစ်သီး (၄) မျိုးကို နေ့တိုင်းစားပေးရင်တော့ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။

၁။ပန်းသီး

“ပန်းသီးတစ်နေ့တစ်လုံးစားပေးရင် ဆရာဝန်မလို” ဆိုတာ အလကားပြောထားတာမဟုတ်ပါဘူး။ ပန်းသီးမှာ Flavonoid Polymers တွေကြွယ်ဝပြီး အမျှင်ဓာတ်လည်း ပေါကြွယ်တာကြောင့် ဝိတ်ချရာမှာကောင်းမွန်တဲ့အပြင် ကျန်းမာစာတစ်ခုအနေနဲ့လည်း ရွေးခြယ်စားသုံးလို့ရပါတယ်။ သူ့မှာပါဝင်တဲ့အမျှင်ဓာတ်တွေ လုံလောက်စွာရရှိဖို့ဆိုရင်တော့ အခွံပါရောစားပါ။ သွေးချိုးနှုန်းကိုထိန်းပေးတဲ့အပြင် စားလိုစိတ်ပြင်းပြခြင်း၊ အစားကျူးခြင်းကိုလည်း သက်သာစေပါတယ်။

၂။သစ်တော်သီး

သစ်တော်သီးတွေကလည်း ပန်းသီးလိုပဲ Flavonoid Polymers ကြွယ်ဝပြီးအမျှင်ဓာတ်ပေါကြွယ်တာကြောင့် စားပေးသင့်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရချင်ရင်တော့ အခွံခွာမစားပါနဲ့။

၃။စတော်ဘယ်ရီသီး

စတော်ဘယ်ရီးသီးမှာ Anthocyanins ကြွယ်ဝတဲ့အတွက် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်။ မနက်စာအဖြစ် ကွေကွာနဲ့ရောစားစား၊ ညနေခင်း စတော်ဘယ်ရီကိုဖျော်သောက်သောက်၊ ညစာအပြီး အချိုပဲတည်းတည်း ဘယ်လိုမဆို တစ်နေ့ကို စတော်ဘယ်ရီတစ်ခွက်စာလောက်ပုံမှန်စားပေးပါ။ စတော်ဘယ်ရီ၊ ပန်းသီး၊ သစ်တော်သီးတွေဟာ အချိုနည်းပြီး Flavonoid များတဲ့အတွက် ကိုယ်အလေးချိန်ကို ထိထိရောက်ရောက်ထိန်းသိမ်းပေးပါတယ်။

၄။ပန်းငရုတ်သီး

မီးဖိုချောင်ထဲမှာ ယုံကြည်ချက်ရှိရှိနဲ့ ဟင်းလျာတွေ ချက်ပြုတ်နိုင်ဖို့

ငရုတ်သီးတွေဟာ အမှန်တကယ်ပဲ သစ်သီးအမျိုးအစားထဲပါပါတယ်။ ငရုတ်သီးတွေက ကိုယ်အလေးချိန်ကို ထိန်းပေးရုံသာမကပဲ ကိုယ်အလေးချိန်လျော့နည်းစေရာမှာလည်း အကျိုးပြုပါတယ်။ ငရုတ်သီးထဲမှာပါဝင်တဲ့ Capsaicin (ပူစပ်စေတဲ့ ပါဝင်ပစ္စည်း) ကမလိုအပ်တဲ့အဆီတွေကိုလောင်ကျွမ်းစေလို့ ငရုတ်သီးစားရင် အသက်ရှည်တယ်လို့ ပြောစမှတ်ပြုလာကြတာပါ။

ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ထိန်းဖို့ဆိုတာ အင်မတန်အရေးပါပါတယ်။ ခက်ခဲတဲ့နည်းလမ်းနဲ့ အချိန်ကုန်၊ လူပင်ပန်းခံလိုက်လုပ်နေမယ့်အစား ဒီသဘာဝသစ်သီး ၄မျိုးနဲ့ ထိန်းပြီး ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါပြီ။