အားလုံးပဲသာယာသောနေ့လည်ခင်းလေးဖြစ်ပါစေနော်…

သိပ္ပံပညာနှင့်နံနက်စာက မကြာခဏ ဆန့်ကျင်ဘက် ဖြစ်တတ်ကြပါတယ်။ တစ်ဖက်မှာ  အစားအသောက် ထုတ်လုပ်သည့် စက်ရုံများက မနက်စာ မစားဘဲကျော်သွားခြင်းက မကောင်းသောအကျိုးဆက်များကို မဖြစ်စေပါဘူးလို့ ပြောပေမယ့် အခြားတစ်ဖက်တွင် အရသာရှိလှသော အာဟာရ အပြည့်ရှိတဲ့နံနက်စာက သင်၏စိတ်ကိုတိုးတက်စေပြီး စိတ်ကျခြင်းကိုကာကွယ်နိုင်တယ်ဆိုတာ ဧကန်မုချဖြစ်ပါတယ်။ အဓိကလှည့်ကွက်က နံနက်စာအတွက် ဘာကိုစားရမလဲ ၊ မစားရဘူးဆိုတာကို သိရန်ဖြစ်ပါတယ်။ ကဲ..အဲဒီအတွက်နံနက်၁၀နာရီမတိုင်ခင်ရှောင်ရှားသင့်တဲ့အစားအစာများကို မျှဝေပေးလိုက်ပါတယ်။

၁။ထောပတ်ပေါင်မုန့်မီးကင်


Source:The Aged P

လူအများစုထင်မြင်ချက်ကနံနက်စာကအဆီပါသောအစားအစာဖြစ်သင့်တယ်လို့ယူဆကြပါတယ်။ အကြောင်းရင်းက နံနက်ခင်းမှာ စားသင့်တဲ့ အဆီအမျိုးအစားကိုရှာရမှာပါ။ အဆီပါဝင်တာက သင့်ကိုဗီတာမင်ဓာတ်တွေ ကူညီပေးတယ်၊ ဒါပေမယ့် သူကအဆီတွေ များလွန်းတာကြောင့် သင့်နှလုံးကို ထိခိုက်စေပြီး ကိုယ်အလေးချိန်တက်စေတယ်။ အဲဒီအစားသင့်ရဲ့ပေါင်မုန့်ပေါ်တွင်မြေပဲထောပတ်ကိုသုတ်လိုက်ပါ။
မြေပဲနှင့်စင်ကြယ်သော မြေပဲထောပတ်က သင့်အားတစ်နေ့တာတွင်ဆာလောင်မှုနည်းစေတယ်လို့ခံစားရစေပါတယ်။  ဘာကြောင့်လဲဆိုတော့ ၎င်းက ငတ်မွတ်မှုကို ထိန်းချုပ်သောဟော်မုန်းထုတ်လုပ်မှုကို တိုးမြှင့်ပေးတာကြောင့် နံနက်စာကို ကောင်းကောင်းစားစေတယ်။

၂။အမျှင်ဓါတ်နှင့်ကဆီဓါတ်ပါသောအစာ

နံနက်စာကသီးနှံများကိုလှည့်စားသောဂန္ထဝင်ဖြစ်တယ်။ လူကြိုက်အများဆုံး နံနက်စာများမှာ ကဆီဓါတ်သကြားဓာတ်များစွာပါဝင်တဲ့ အစားအစာပင်ဖြစ်တယ်။ ၎င်းကဆီဓါတ်အချိုဓါတ်များစွာပါဝင်သောအစားအစာများကိုစားသောက်လာသည်နှင့်အမျှ ဝမ်းဗိုက်အဆီများစုပြီး ဝလာစေနိုင်ပါတယ်။ အဲဒါကြောင့်ကျန်းမာတဲ့ဖိုင်ဘာပမာဏနှင့်သကြားဓါတ်မပါတဲ့အိမ်လုပ် oatmeal စားပေးပါ။ မနက်ခင်းတွင် သကြားဓာတ် စားသုံးခြင်းကိုလျှော့ချခြင်းက ညဘက်ပင်ပန်းနွမ်းနယ်နေသောခံစားမှုမျိုးကိုရှောင်ရှားရန်ကူညီနိုင်တယ်။

၃။ပန်ကိတ်နှင့်ဝေဖာကိုရှောင်ပါ

အပြင်သွားရန်အလျင်စလိုဖြစ်နေတဲ့အချိန်မျိုးမှာ ပန်ကိတ်၊ ကွတ်ကီးနဲ့ဝေဖာတို့က သယ်ရ အလွယ်အကူဆုံးအစားအစာ ဖြစ်ပေမယ့် ကာဗွန်ဟိုက်ဒရိုင်များစွာပါဝင်ပါတယ်။ ကျန်းမာရေးအတွက်သိပ်မဆိုးရွားပေမယ့် သင်က အခုDietလုပ်နေတဲ့သူ ဆိုရင်တော့ အဲဒီအစားအစာက ကာဗွန်ဟိုက်ဒရိုက်ပါဝင်တဲ့အတွက်သင့်ကိုဆာလောင်ခြင်း အလွယ်တကူဖြစ်စေနိုင်ပါတယ်။ အမျှင်ဓါတ် မပါဝင်တဲ့အတွက် ဝိတ်တက်စေပါတယ်။

၄။ဒိန်ချဉ်သောက်ပါ

အဆီမပါသောဒိန်ချဉ်သည်နံနက်စာအတွက်ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ ကံမကောင်းစွာဖြင့် ၎င်းတွင် အရသာနှင့် ပရိုတင်း အနည်းငယ်သာထည့်ရန်သကြားများစွာပါရှိပါတယ်။ ပြည့်ဝသော ဒိန်ချဉ်က ကိုယ်အလေးချိန်ကျစေပြီး မနက်ခင်းတွင် ပရိုတိန်းများစွာ ပါဝင်သောပြည့်ဝတဲ့ဒိန်ချဉ်က တစ်နေ့တာအတွင်း ဆာလောင်မှုနည်းပါးစေပါတယ်။