သွေးကျတယ်ဆိုတာက နဂိုရှိနေရမယ့် သွေးပေါင်ချိန်ထက် ကျဆင်းတာကို သွေးကျရောဂါလို့ ပြောပါတယ်။ သွေးကျလာရင် မူးဝေေဖြစ်မယ်၊ ခေါင်းကို ချာလည်လည်အောင် မူးမယ်၊ ခေါင်းကိုက်၊ အားနည်းတာနဲ့ ရုတ်တရက် မူးလဲတာတွေဖြစ်နိုင်ပါတယ်။

အပေါ်သွေး ၁၀၀ ထက်၊ အောက်သွေး ၆၀ ထက်နည်းရင် သွေးကျနေတာဖြစ်ပါတယ်။ တခါတရံ ခဏတဖြုတ် သွေးကျတာတွေဖြစ်နိုင်ပေမယ့် အမြဲဖြစ်နေရင်တော့ သတိထားသင့်ပါတယ်။ သွေးကျတာကို ထိန်းညှိပေးနိုင်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

အမည်းရောင် ချောကလက်

သွေးကျတတ်တဲ့သူတိုင်းက အမည်းရောင် ချောကလပ်လေး ပုံမှန်စားပေးသင့်ပါတယ်။ အမည်းရောင် ချောကလပ်က သွေးလွှတ်ကြောထဲမှာ သွေးတွေ အလျင်အမြန် စီးဆင်းစေပြီး သွေးပေါင်ချိန်ကို ပုံမှန်ပြန်ရောက်အောင် လုပ်ဆောင်ပေးပါတယ်။

သူ့မှာ Fatty အက်ဆစ်တွေနဲ့ Antioxidants တွေ အများကြီးပါဝင်တာကြောင့် သွေးအားကျတာကို ကာကွယ်ပေးပါတယ်။

အုန်းရေ

အုန်းရေမှာ Electrolytes နဲ့ Antioxidants တွေပါဝင်တာကြောင့် သွေးပေါင်ကျနေသူတွေအတွက် အထူးသင့်တော်ပါတယ်။

ချိစ် (Cheese)

ချိစ် (Cheese) မှာ ဆိုဒီယမ် ဓာတ်တွေ အများကြီးပါဝင်ပြီး သွေးပေါင်ကျတာကို ထိန်းညှိပြီး သွေးပြန်တက်အောင်ကူညီပေးနိုင်ပါတယ်။

ချိစ် (Cheese) အနည်းငယ်ကို စားပေးရင် သွေးလွှတ်ကြောမှာ သွေးတွေ မြန်မြန်စီးဆင်းနိုင်အောင် ကူညီပေးတာကြောင့် သွေးပေါင်ကျနေသူတွေအတွက် ကောင်းပါတယ်။

ဒါပေမယ့် ချိစ် (Cheese) ကို ၁ ချပ်၊ ၂ ချပ်လောက်ဘဲ စားသုံးသင့်ပြီး အများကြီးစားရင်တော့ သွေးပေါင်ချိန်တွေ အများကြီး တက်သွားနိုင်ပါတယ်။

Featured Image Source: Health and Beauty Care