အမြဲတမ်း သွေးပေါင်ကျနေလို့ ခေါင်းမူးနေတာ၊ ခေါင်းကိုက်နေတာတွေ ခံစားနေရပါသလား။ သွေးပေါင်ကို ထိန်းညှိပေးမယ့် အစားအစာတွေကို စားသုံးခြင်းဖြင့် သွေးပေါင်ကျတာကို သက်သာ ပျောက်ကင်းစေပါတယ်။

ကြက်ဥ

ကြက်ဥမှာ ဗီတာမင် B တွေနဲ့ အရေးကြီးတဲ့ အမိုင်နိုအက်ဆစ်တို့ပါဝင်တာကြောင့် သွေးပေါင်ကျတာကို သက်သာစေပါတယ်။

အဲ့ဒီအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တက်ကြွ လန်းဆန်းမှုကိုလည်း ကူညီပေးပါတယ်။

Citrus သီးများ

Citrus အသီးများက ဗီတာမင် C နဲ့ ရေဓာတ်ပါဝင်မှု မြင့်မားပါတယ်။ ဒါတွေက သွေးပေါင်ကျတာတွေကို ထိန်းညှိပေးနိုင်ပါတယ်။

Citrus အသီးများမှာ လိမ္မော်သီး၊ သံပုရာသီး၊ သံပုယိုသီး၊ Grapefruits နဲ့ တခြား အသီးများ ပါဝင်ပါတယ်။ Citrus မျိုးနွယ်အသီးများက ခန္ဓာကိုယ်အတွင်းရှိ Electrolytes တွေကိုလည်း ထိန်းညှိပေးပါတယ်။

အဆီမပါတဲ့ အသားများ

အဆီမပါတဲ့ အသားများကို စားသုံးပေးခြင်းက သွေးပေါင်ကျတာကို သက်သာစေပါတယ်။ သူတို့မှာ သွေးပေါင်ကျတာကို သက်သာစေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ်တွေ၊ ဆိုဒီယမ်နဲ့ တခြား သတ္တုဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့ အာဟာရဓာတ်တွေနဲ့ ခေါင်းမူးတာတွေ၊ အားနည်းတာတွေကိုပါ ပျောက်ကင်းစေပါတယ်။

ရေ

သွေးပေါင်ကျနေရင် ရေကို များများ သောက်ပါ။ ရေဓာတ်ခမ်းခြောက်မှုကြောင့် နဲ့ အပူချိန်ကြောင့် ဖြစ်ပေါ်လာတဲ့ သွေးပေါင်ကျတာတွေကို သက်သာစေပါတယ်။

အဲ့ဒီအပြင် သွေးလည်ပတ်မှုကောင်းစေပြီး ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို မြင့်တင်ပေးပါတယ်။