ဝမ်းဗိုက်မှာ အဆီမရှိဘဲ ချပ်ချပ်လေးဖြစ်နေတာကို လူတိုင်းလိုချင်ကြမှာပါ။ လေ့ကျင့်ခန်းတွေ ရောဂတွေအပါအဝင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစားပေးတာဟာလည်း ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွှတ်စွာလျှော့ချပြီး စိတ်ဖိစီးမှု ကင်းဝေးစေဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရုံသာမက အစားအစာကိုလည်း ဂရုစိုက်စားပေးသင့်ပါတယ်။

အချိုရည်

ဝမ်းဗိုက်ကအဆီတွေကို လျှော့ချချင်ရင်တော့ သကြားပါတဲ့ အချိုရည်တွေ မသောက်သင့်ပါဘူး။ သကြားပါတဲ့ အချိုရည်တွေ သောက်ပေးတာဟာ ဝမ်းဗိုက်ကအဆီတွေကို ၂၇%လောက်ထိ တက်လာစေပါတယ်။

ပီကေဝါးခြင်း

ပီကေများများဝါးရင် ဦးနှောက်ကိုရော အစာအိမ်ကိုရော အစားအစာဖို့ အချက်ပေးလေ့ရှိပါတယ်။ ပီကယ်ဝါးရင် အစာအိမ်အတွင်းက အက်ဆစ်တွေ အများအပြားထုတ်လုပ်ပြီး ဗိုက်ပိုဆာစေပါတယ်။

အသင့်စား အစားအစာတွေ

အသင့်စား အသင့်စားအစားအစာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ အဲဒီအစားအစာတွေမှာ ကယ်လိုရီများစွာပါဝင်နေပြီး ပုံမှန်စားပေးရင် ကျန်းမာရေး ပြဿနာတွေ အများအပြားကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်တက်ပြီး ဝမ်းဗိုက်မှာ အဆီပိုတွေဖြစ်စေပါတယ်။

အရက်

အရက်တော်တော်များများက ကယ်လိုရီပါဝင်မှု မြင့်ပါတယ်။ဒ့ါကြောင့် အရက်ကိုများများမသောက်ပေးသင့်ပါဘူး။ အရက်သောက်ရင် အမြည်းပါစားဖြစ်တာကြောင့် ကိုယ်အလေးချိန်ပိုတက်ပါတယ်။

နို့ထွက်စာတွေ

နို့ထွက်စာတွေဟာ အစာချေစနစ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။ ဒိန်ချဉ် ဒိန်ခဲစတဲ့ နို့ထွက်စာကိုများများစားပေးရင် ဝမ်းဗိုက်မှာ အဆီပိုတွေ စုလာစေပါတယ်။

သကြား

သကြားကတော့ ခန္တာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်စေပါတယ်။ သကြားကိုများများစားရင် ကျန်းမာရေးဆိုင်ရာပြဿနာတွေဖြစ်ပေါ်စေပြီး အဆီပိုဖြစ်စပေါတယ်။ သကြားကိုရှောင်ဖို့ဟာ ခက်ခဲပါတယ်။ ဒါ့ကြောင့် လျှော့စားပါ။

ပြုပြင်ထားတဲ့အစားအစာတွေ

ပြုပြင်ထားတဲ့ အသား၊ ပြုပြင်ထားတဲ့အစားအစာတွေဟာ ကျန်းမာရေးနဲ့ မညီညွှတ်ပါဘူး။ အမျှင်ဓါတ်ပါဝင်မှုနည်းပြီး အဟာရဓါတ်ပါဝင်မှုလည်းနည်းပါးပါတယ်။ ဝမ်းဗိုက်မှာ အဆီပိုတွေ ပိုဖြစ်စေပါတယ်။

ဆီကြော်စာတွေ

ဆီကြော်စာတွေ စားပေးခြင်းကနေ ရှောင်ကျဉ်ပါ။