ကိုယ်အလေးချိန်လည်းတက်မှာစိုးတယ် ဘာစားရမလဲဆိုတဲ့သူတွေအတွက် များများစားလို့ရတဲ့အစားအစာကို မျှဝေပေးချင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီဝါဝင်မှုနည်းလို့ ကိုယ်အလေးချိန်တက်မှာ စိတ်ပူစရာမလိုပါဘူး။

စိတ်ဖိစီးမှုများရင် ဗိုက်ပူလာတတ်သလား။

လိမ္မော်သီး၊ Grapefruit

အသီးတွေထဲမှာ များများစားပြီးဝိတ်မတက်တဲ့အစားအစာတွေကတော့ Citrus Acid ပါဝင်တဲ့အသီးတွေပါပဲ။ သူတို့မှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်Cလည်းကြွယ်ဝပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး အသည်းနဲ့အရေပြားကိုလည်းကျန်းမာစေပါတယ်။

ဖရဲသီး

ဖရဲသီးကိုလည်း နေ့တိုင်းလိုလိုစားသုံးပေးနိုင်ပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့ ကောင်းမွန်တဲ့အသီးတစ်မျိုးပါ။

ကြက်ဥ

ကြက်ဥကို ဝိတ်တက်မှာမကြောက်ဘဲ ညဖက်ဆိုရင်တောင် စားသုံးနိုင်ပါတယ်။ ကြက်ဥကြော်ထက် ကြက်ဥပြုတ်ကိုစားတာ ပိုညပီး အဟာရဓါတ်ပြည့်ဝမှာဖြစ်ပါတယ်။

နာနတ်သီး

နာနတ်သီးစားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

အရသာရှိတဲ့နာနတ်သီးက ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက် အကောင်းဆုံး မိတ်ဆွေပါပဲ။ နာနတ်သီးစားမယ်ဆိုရင်လည်း ဝိတ်မတက်ပါဘူး။

ပန်းသီး နဲ့ မက်မန်းသီး

ပန်းသီးစားပေးတာဟာ ဗိုက်ပြည့်ရုံသာမက အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ မက်မန်းသီးမှာဆိုရင်လည်း ဗီတာမင် C နဲ့ ပိုတက်ဆီယမ်ဓါတ်တွေကြွယ်ဝလို့ နှလုံးနဲ့ သွေးကြောကို ကောင်းမွန်စေပါတယ်။

ဆလပ်ရွက်

ဆလပ်ရွက်မှာ ဖောလိတ်အက်ဆစ်ပါဝင်ပြီး ကိုယ်အလေးချိန်လျှော့ချချင်သူအတွက် ကောင်းမွန်ပါတယ်။

ဘယ်ရီသီးများ

စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီနွယ်ဝင်အသီးတွေမှာ ဗီတာမင် C ပါဝင်ပြီး ရေဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အဟာရဓါတ်ကြွယ်ဝတဲ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

ဂေါ်ဖီထုပ် ၊ ပန်းမုန်လာပွင့်၊ ပန်းမုန်လာစိမ်း

စတဲ့အရွက်တွေ အပွင့်တွေဟာဆိုရင် ကိုယ်အလေးချိန်လျှော့ချချင်သူအတွက် ကောင်းမွန်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် ထည့်သွင်းစားသုံးသင့်ပါတယ်။

သခွားသီး

cucumber

သခွားသီးမှာဆိုရင် ဗီတာမင်ဓါတ်နဲ့ ရေဓါတ်ကြွယ်ဝစွာပါဝင်ပြီး ဆီးရွှင်စေကာ ကိုယ်အလေးချိန်လျှော့ချချင်သူအတွက် အထူးကောင်းမွန်ပါတယ်။

နံနံပင်

နံနံပင်ဟာ ရေဓါတ် ၉၅% နဲ့ဖွဲ့စည်းထားပြီး ကိုယ်အတွက်း အဆိပ်အတောက်ဖယ်ရှားဖို့နဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ အကူအညီပေးမှာပါ။

ကိုယ်အလေးချိန်လျှော့ချချင်ရင်တော့ ညစာကို ၆ နာရီနဲ့ ၆ နာရီခွဲထက် နောက်မကျဘဲစားသုံးပေးသင့်ပါတယ်။  ထမင်းမစားဘဲ အသီးအရွက်များများစားပေးသင့်ပါတယ်။ ထမင်းစားမယ်ဆိုရင်လည်း ထမင်းနည်းနည်းနဲ့ အသီးအရွက်များများစားပေးပါ။