သွေးပြန်ကြောပိတ်တာတို့၊ လေဖြတ်တာတို့ကို ရာနှုန်းပြည့်တော့ ဘယ်အရာမှ မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်တဲ့ အခြေအနေ လျော့နည်းအောင်လို့တောင် ကာကွယ်လို့ရပါတယ်။

ဒါကြောင့် လေဖြတ်တာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာအကြောင်း ဝေမျှပေးချင်ပါတယ်။

သံပုရာသီး

သံပုရာသီးက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရုံသာမက သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပြီး သွေးနီဥထုတ်လုပ်မှုကိုလည်း အားကောင်းစေပါတယ်။

ဒါကြောင့် သံပုရာရည်ကို တစ်ပတ်အတွင်း အကြိမ်အနည်းငယ်လောက် သောက်ပေးသင့်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီမှာ Omega-6 Fatty အက်ဆစ်တွေ ပါဝင်တာကြောင့် သွေးအတွင်း ကိုလက်စထရော ပမာဏကို လျော့ချပေးပါတယ်။

သံလွင်ဆီမှာ သွေးပြန်ကြောတွေကို ပျော့ပြောင်းစေပြီး သွေးပြန်ကြောပိတ်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

မုန်လာဥနီ

မုန်လာဥနီမှာ Beta-Carotene ဓာတ်တွေပါဝင်ပြီး အဲ့ဒီဓာတ်တွေက နှလုံး ရုတ်တရပ် ရပ်တန့်သွားတာတွေနဲ့ သွေးအတွင်း ကိုလက်စထရောဓာတ်တွေကိုလည်း လျော့ချပေးပါတယ်။

အဲ့ဒီအပြင် သွေးပြန်ကြောပိတ်တာတွေကို ကာကွယ်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာလည်း သံလွင်ဆီလို Omega-6 Fatty အက်ဆစ်တွေ ပါဝင်တာကြောင့် သင့်တော်တဲ့ ပမာဏလောက် စားသုံးပေးသင့်ပါတယ်။ အနည်းဆုံး တစ်ပတ်ကို ၃ ကြိမ်လောက် ထောပတ်သီး စားပေးသင့်ပါတယ်။ ဒါဆိုနှလုံး ကျန်းမာရေးအတွက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။