လူတွေတော်တော်များများက ကော်ဖီတစ်ခွက်၊ ဒိန်ချဉ် နဲ့ လိမ္မော်သီး စားရုံနဲ့ အာဟာရပြည့်ဝပြီး ပြီးပြည့်စုံတဲ့ မနက်စာလို့ထင်နေကြတာများပါတယ်။ ဒါပေမယ့် တချို့အစားအစာတွေက ခန္ဓာကိုယ်အတွက် အကျိုးရှိပေမယ့် မနက်မိုးလင်း အစာအိမ်ထဲမှာ အစာမရှိခင် မစားသုံးသင့်ပါဘူး။

ဒိန်ချဉ်

ဒိန်ချဉ်ကို မနက်မိုးလင်းမှာ အစာအိမ်ထဲမှာ ဘာမှမရှိခင်စားလိုက်ရင် အစာအိမ်ထဲမှာရှိနေတဲ့ Hydrochloric အက်ဆစ်တွေကို ဒိန်ချဉ်ထဲမှာပါတဲ့ ကျန်းမာရေးအတွက်ကောင်းတဲ့ lactic အက်ဆစ် ဘက်တီးရီးယားတွေကို သတ်လိုက်ပါတယ်။ ဒါကြောင့် မနက်စာမှာစားချင်ရင်တောင် သူ့အရှေ့မှာ တခြား အစားအစာတွေ စားသင့်ပါတယ်။

သစ်တော်သီး

သစ်တော်သီးမှာရှိတဲ့ Curde အမျှင်တွေက အစာအိမ်ထဲမှာ ဘာမှမရှိဘူးဆိုရင် အစာအိမ်ရဲ့ Mucous Membranes ကို ထိခိုက်စေပါတယ်။

ခရမ်းချဉ်သီး

အစာအိမ်ထဲမှာ အစာမရှိရင် ခရမ်းချဉ်သီးမှာ Tannic အက်ဆစ်ပါဝင်တာကြောင့် အစာအိမ်ထဲရှိ အက်ဆစ်ပမာဏကို တိုးစေကာ အစာအိမ်မှာအနာ ဖြစ်တတ်ပါတယ်။

သခွားသီး

အစာအိမ်ထဲမှာ အစာမရှိရင် သခွားသီးတို့လို ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ အမိုင်နို အက်ဆစ်ပါဝင်ပြီး သူတို့က ဗိုက်နာတာ၊ အစာအိမ် အချဉ်ပေါက်တာ တို့ကို ဖြစ်တတ်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ် ဓာတ်ပါဝင်မှုများတာကြောင့် သွေးထဲမှာ မဂ္ဂနီဆီယမ်ဓာတ်များသွားပြီး နှလုံးကို ထိခိုက်နိုင်ပါတယ်။ဒါကြောင့် အစာအိမ်ထဲမှာ အစာမရှိနေရင် ငှက်ပျောသီးမစားခင် တခြား အစားအစာတစ်ခုကို အရင်စားသင့်ပါတယ်။

အစာအိမ်ထဲမှာ အစာမရှိရင်

အစာအိမ်ထဲမှာ အစာမရှိရင် ကွေကာအုပ်၊ ပြောင်းနဲ့လုပ်ထားတဲ့ အစားအစာများ၊ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာများ၊ ကြက်ဥ နဲ့ ဖရဲသီးတို့ကို အရင်စားသုံးသင့်ပါတယ်။