အစာလည်း ဆေးလည်းအစာပါပဲ။ ကျန်းမာတဲ့အစားအစာကို စားတာဟာ ပိုပြီး အသက်ရှည်အနာမဲ့နေပါတယ်။ ခန္ဓာကိုယ်အတွင်းက PH ပါဝင်မှုပဏကို ညီမျှစေမှ ပိုမိုကျန်းမာတဲ့ဘဝကို ရရှိပိုင်ဆိုင်စေမှာပါ။

ကမ္ဘာပေါ်မှာ လူသေဆုံးမှုအများဆုံးဖြစ်တဲ့ရောဂါတွေဖြစ်တဲ့ ကင်ဆာနဲ့ နှလုံးရောဂါကိုကာကွယ်တိုက်ဖျက်နိုင်တဲ့အပြင် ဆီးချို အဝလွန်တာနဲ့ တခြားကျန်းမာရေးအတွက်လည်းကောင်းမွန်တဲ့ အစားအစာတွေကို စုစည်းတင်ပြလိုက်ပါတယ်။

နိုကိုဥ

4_165_BeetJuice_720

နိုကိုဥနဲ့ တခြားအသီးအနှံတွေမှာ သဘာဝသတ္တုဓါတ်တွေအများအပြားပါဝင်နေပြီး PH ပမာဏကို မြင့်တက်စေဖို့ အကူအညီပေးပါတယ်။ ဒါကြောင့်ကျန်းမာစေပါတယ်။ ကင်ဆာကို ကာကွယ်ပေးနုင်တဲ့ Betalain ဆိုတဲ့ဓါတ်တွေလည်း နိုကိုဥမှာ ပါဝင်ပါတယ်။

စိမ်းပြာရေညှိ

Is-Spirulina-safe

ပင်လယ်ကရနိုင်တဲ့ Spirulina စိမ်းပြာရေညှိဖြစ်ပါတယ်။ သူဟာ သွေးတွင်းက Alkaline ပမာဏကိုမြင့်တင်ပေးပြီး သံဓါတ် ၈၀% ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B နဲ့ ဗီတာမင် A ပမာဏလည်းပါဝင်ပါတယ်။ စိမ်းပြာရေညှိမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ရောင်ရမ်းခြင်း၊ နှင်းခူး၊ အရေးပြားရောင်ရမ်းတာ၊ ပန်းနာရင်ကြပ်၊ အဆစ်နာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချို၊ အဝလွန်တာနဲ့ ကင်ဆာရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် ညီညွှတ်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြက်သွန်ဖြူမှာ Alkalineဓါတ်မြင့်မားစွာပါဝင်ပြီး PH ပမာဏကို ညီမျှစေပါတယ်။ဒါ့အပြင် အအေးမိဖျားနာတာကိုသက်သာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးသလို ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။ တခြားဘက်တီးရီးယားပိုးတွေ ဝင်ရောက်မှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ငရုတ်သီး

Chilli Peppers

ငရုတ်သီးမှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်လို့ စိတ်ဖိစီးမှုကို လျှော့ချစေပါတယ်။ ဒါ့အပြင် ဇီဝဖြစ်စဉ်ကိုလည်း မြင့်တင်ပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။

သံပုယိုသီး

Ripe Sliced Lime and Lemon Isolated on White

သံပုယိုသီးမှာ အက်ဆစ်ဓါတ်တွေအများအပြားပါဝင်ပါတယ်။ ဒါ့ကြောင့်အအေးမိ ဖျားနာတာကို သက်သာစေပြီး ဗိုင်းရပ်ပိုးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ တစ်နေ့မှာ ရေကို ၈ ခွက်သောက်သင့်ပြီး သံပုယိုရည် (သို့) သံပုရာရည် တစ်ခွက်သောက်ပေးသင့်ပါတယ်။

တရုတ်နံနံပင်

celery

တရုတ်နံနံပင်မှာ ဗီတာမင် C, K နဲ့ တခြားအဟာရဓါတ်တွေပါဝင်တဲ့အပြင် ရေဓါတ်မြင့်မားစွာပါဝင်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးနိုင်ပြီး သွေးဖိအားတက်တာကို ကျစေသလို နှလုံးရောဂါဖြစ်ပွားမှုကိုလည်းလျှော့ကျစေပါတယ်။

နောက်ထပ် အစားအစာတွေကတော့

  • ပန်းဂေါ်ဖီစိမ်း
  • ထောပတ်သီး
  • ငရုတ်ပွသီး
  • သခွားသီး
  • Spinach ရွက်
  • အုန်းဆီ
  • ဖရဲသီး
  • စပျစ်သီးခြောက်
  • မုန်လာဥနီ
  • လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်
  • ကျန်းမာရေးနဲ့ညီညွှတ်တဲ့ လက်ဖက်များ
  • ရေ
  • ပင်လယ်ကရနိုင်သော အရွက်များ