ဝမ်းလျောခြင်းသည် လူတိုင်းလိုလိုတွင် အဖြစ်များတတ်သည့် မသက်သာဆုံးနှင့် စိတ်အနှောင့်အယှက်ဖြစ်ရဆုံး ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အချိန်တိုအတွင်းသာ ဖြစ်ပေါ်တတ်သော်လည်း လက္ခဏာများမှာတော့ ရေရှည်ဆက်လက်ဖြစ်ပွားနေပြီး အချို့ကိစ္စများတွင် ပိုမိုဆိုးရွားတတ်ပါတယ်။ ဝမ်းလျောသည့်အခြေအနေတွင်မူ ပြန်လည်သက်သာလာမှု သို့မဟုတ် အခြေအနေပိုမိုဆိုးရွားလာမှုများသည် သင်စားသုံးသည့်အစားအစာများပေါ်တွင် မူတည်နေပါတယ်။

ဝမ်းသွားမှုကိုဖြစ်ပေါ်စေသည့်အစားအစာများသည် များသောအားဖြင့် ဓာတုပစ္စည်းများ၊ ဆီများ၊ အစပ်များ စသည်တို့အမြောက်အမြားပါဝင်နေတတ်ပါတယ်။ ထို့ကြောင့် ဝမ်းလျောနေစဉ်အတွင်း ပိုမိုမဆိုးရွားလာစေရန် စားသုံးမိခြင်းမှ ရှောင်ရှားသင့်သည့် အစားအသောက်များကို ဖော်ပြပေးလိုက်ရပါတယ်။

နို့

နို့ နှင့် အခြား နို့ထွက်ပစ္စည်းများဖြစ်သည့် ဒိန်ခဲများ၊ ခရင်မ်ချိစ်များ၊ ရေခဲမုန့်များတွင် ပါဝင်သည့် သကြားတစ်မျိုးကို အလွန်အကျွံစားသုံးမိပါက အူမကြီးအတွင်းသို့ဝင်ရောက်နိုင်ကာ အခြေအနေဆိုးရွားလာစေနိုင်မှာဖြစ်ပါတယ်။

ငရုပ်သီးတောင့်များ

ငရုပ်သီးတွင်ပါဝင်သည့် capsaicin သည် အစာခြေဖျက်နေစဉ်အတွင်း အစာအိမ်ကိုကျိန်းစပ်စေကာ ဝမ်းလျောမှုကိုပေါ်ပေါက်လာစေတာဖြစ်ပါတယ်။ ငရုပ်သီးတောင့်၏ အစေ့ နှင့် အခွံနှစ်ခုစလုံးသည် အားနည်းနေသောအစာခြေစနစ်အပေါ် ကြမ်းတမ်းမှုကို သက်ရောက်စေနိုင်ပါတယ်။

ကော်ဖီ

ကဖင်းဓာတ်သည် ဆီးသွားမှုကိုဖြစ်ပေါ်စေသည့်အတွက် ဝမ်းသွားမှုကြောင့်ဖြစ်ပေါ်နေသည့် ရေဓာတ်ခမ်းခြောက်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

အရက်

အရက်အလွန်အကျွံသောက်ခြင်းသည် အစာမကြေမှုကို ဖြစ်ပေါ်စေနိုင်၍ ဝမ်းလျောနေစဉ်အတွင်း သင့်အခြေအနေကို ဆိုးရွားသည်ထက် ဆိုးရွားစေမှာဖြစ်ပါတယ်။

ပဲတောင့်ရှည်

ပဲပိစပ်များဖြစ်စေ ပဲလုံးများဖြစ်စေ စားသုံးလိုက်သည်နှင့် ထိုပဲများသည် သေးငယ်သောအူများမှတဆင့် အူမကြီးအတွင်းသို့ အစာမကြေဘဲ ဝင်ရောက်သွားနိုင်ပါတယ်။ သေချာစွာချေဖျက်မှုမရှိသည့် ပဲများသည် အူအတွင်းအား နီရဲရောင်ရမ်းမှုကို ပိုမိုဖြစ်ပေါ်စေနိုင်သည့်အတွက် ရှောင်ကြဉ်သင့်ပါတယ်။

သကြားအစားထိုးပစ္စည်းများ

ပီကေများ၊ သကြားလုံးများ နှင့် ဆေးများတွင် မကြာခဏတွေ့ရလေ့ရှိသည့် သကြားအစားထိုး ဓာတုပစ္စည်းများသည် ဝမ်းသွားမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အစာအိမ်အတွင်းရှိ ဘတ်တီးရီးယားများသည် ထိုသကြားများကို စားသုံးခြင်းဖြင့် ဂတ်စ်များကို ပိုမိုထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။

အခွံမာသီးများ

ထိုအခွံမာသီးကဲ့သို့ အစားအစာများသည် ဖောရောင်မှုကိုဖြစ်စေနိုင်ရုံသာမက အစာချေဖျက်ရန်ခက်ခဲသည့်အတွက် အူများကို ကျိန်းစပ်စပ်ဖြစ်စေနိုင်ပါတယ်။

အနီရောင်ရှိအသားများ

အာဟာရဓာတ်အမြောက်အမြားပါဝင်သော်လည်း အစာခြေဖျက်ရန်အတွက် အတော်ကြာအချိန်ယူရပါတယ်။ ထိုသို့အစာခြေဖျက်မှုနှေးကွေးလာသည့်အခါ အူအတွင်းရောင်ရမ်းမှုကိုဖြစ်ပေါ်လာစေပြီး ဝမ်းသွားမှုကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

အချဉ်ဓာတ်ရှိအသီးအနှံများ

အစေ့ပါဘယ်ရီသီးများ၊ နာနတ်သီးများ၊ ချယ်ရီသီးများ၊ စပျစ်သီးများ စသည်တို့ကို စားသုံးခြင်းကလည်း ဝမ်းလျောမှုကိုတွန်းအားပေးသလို ဖြစ်သွားနိုင်ပါတယ်။