မင်္ဂလာပါ။ နှလုံးကျန်းမာရေးနဲ့ ပတ်သက်လာရင် ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပြီးတော့ နေထိုင်ရမယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့်လည်း ပြောတာလွယ်သလောက် လက်တွေ့လုပ်နိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲလွန်းလှပါတယ်။

နေ့စဉ်နေ့တိုင်း စားသောက်နေတဲ့အစားအစာတွေထဲမှာ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတဲ့အစားအသောက်တွေပါနိုင်သလို ခန္ဓာကိုယ်အတွက် အရေးကြီးဆုံးဖြစ်တဲ့ နှလုံးကို ဆိုးရွားသွားစေနိုင်တဲ့ အမျိုးအမယ်တွေလည်း ပါဝင်နိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုအစားအစာတွေကို ဘာကြောင့်ရှောင်ရှားသင့်သလဲဆိုတာကို သိထားနိုင်မှသာလျှင် အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

အနီရောင်ရှိ အသားများ

Source: aviglatt.com

အမဲသား၊ ဆိတ်သားတို့လိုမျိုး နီရဲရဲ အရောင်ရှိတဲ့ အသားတွေဟာဆိုရင် နှလုံးအတွက် ကောင်းတဲ့အစားအစာတွေမဟုတ်ပါဘူး။ အနီရောင်ရှိတဲ့ အသားတွေကို မှန်မှန်စားသုံးသွားပါက နှလုံးအမောဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းတို့လို စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေကို ကြုံတွေ့လာရစေနိုင်ပါတယ်။

စည်သွတ်ဘူးများ

Source: Today Show

သံဘူးတွေထဲမှာ ထည့်သွင်းသိုလှောင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေနှင့် ဟင်းရည်တွေဟာ နေ့စဉ်ဘဝမှာ လွယ်ကူလျှင်မြန်တဲ့ နည်းလမ်းတစ်ခု ဆိုပေမယ့်လည်း ပုံမှန်အားဖြင့် သကြားပါဝင်မှုများပြာတာကြောင့် သွေးပေါင်ချိန်ကို တက်စေနိုင်ပါတယ်။ ထိုမှတဆင့် နှလုံးသို့ရောက်ရှိတဲ့ အောက်ဆီဂျင်ပမာဏကို လျော့နည်းစေကာ နှလုံးအမောဖောက်ခြင်းကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

အေးခဲထားတဲ့ အစားအစာများ

Source: Cowra Grenfell Meals on Wheels

ဈေးချိုပြီး၊ လွယ်ကူလျင်မြန်တဲ့ ဒီလိုအစားအစာမျိုးတွေဟာဆိုရင် ကယ်လိုရီပါဝင်မှုလည်းနည်းပါးတာကြောင့် လူအများစုသုံးစွဲလေ့ရှိကြပါတယ်။ သို့သော်လည်း အစားအစာရဲ့အရသာကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဆိုဒီယမ်ပမာဏများစွာထည့်သွင်းထားသည့်အပြင် တာရှည်ခံဆေးတွေကိုလည်း သုံးထားလေ့ရှိပါတယ်။

ရေခဲမုန့်

Source: Bigger Bolder Baking

ရေခဲမုန့်တွေမှာဆိုရင် ကိုလက်စထရောပါဝင်မှုနှုန်း များပြားလွန်းတာကြောင့် သွေးကြောကျဉ်းရောဂါမဖြစ်စေဖို့အတွက် ရေခဲမုန့်တွေကိုလည်း အတိုင်းထက်အလွန် မစားမိအောင် ကြိုးစားပါ။

ဆီကြော်စာများ

Source: The Daily Meal

ဆီကြော်စာတွေဟာဆိုရင် ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုပါက ခန္ဓာကိုယ်အတွက် ဘယ်လိုမှကောင်းတဲ့အစားအစာတွေမဟုတ်ပါဘူး။ ဆီပါဝင်မှုန်းများပြားပြီး ကိုလက်စထရောတွေလည်း အလွန်ကြွယ်ဝတာကြောင့် အဆီပိတ်ခြင်းပြဿနာကို ကြုံလာရနိုင်ပါတယ်။

ဆိုဒါအအေးများ

Source: businessinsider.my

သကြားထည့်သွင်းအသုံးပြုထားသည့် ဆိုဒါအအေးတွေကို နေ့စဉ်သောက်သုံးမယ်ဆိုပါက နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်ပါတယ်။

အသည်း

Source: greatsouthernswine.com

အသည်းတွေမှာ သံဓာတ်မြင့်မားစွာပါဝင်ပေမယ့်လည်း လွန်လွန်ကျူးကျူး စားသုံးမိမယ်ဆိုရင်တော့ ကိုလက်စထရောပမာဏကို မြင့်တက်စေနိုင် ပါတယ်။ ဒါ့အပြင် အသည်းတွေမှာ မကျေလွယ်သော အဆီဓာတ်များပါဝင်တာကြောင့် အဆီပိတ်သွားနိုင်ပါတယ်။

Content Source: BrightSide