ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ဘယ်လောက်ဘဲ သပ်သပ်ရပ်ရပ်နေနေ ချွေး တအားထွက်ရင် အနံ့ဆိုးတွေနဲ့ စုတ်စုတ်ပြတ်ပြတ် ဖြစ်သွားပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ အခမ်းအနားတွေ၊ ဆွေးနွေးပွဲတက်ရတဲ့အချိန်ဆိုရင် ချွေးတအားမထွက်ဖို့က အရေးကြီးပြန်ပါတယ်။ ချွေးထွက်များတာကို သက်သာစေမယ့် အစားအစာများကို ဝေမျှချင်ပါတယ်။

ပန်းသီး

တစ်နေ့ကို ပန်းသီး ၂ လုံးကနေ ၄လုံးကြား စားရင် ချွေးထွက်တာကို သက်သာစေမှာပါ။ အဲ့ဒီအပြင် ပန်းသီးက အစာခြေစနစ်ကို ကောင်းမွန်စေပြီး မရေမတွက်နိုင်တဲ့ ရောဂါတွေကနေလည်း ကာကွယ်ပေးပါတယ်။ ပန်းသီးကို အစိမ်းဘဲဖြစ်ဖြစ် ဟင်းချက်စားရင်ဘဲဖြစ်ဖြစ် စားလို့ရပါတယ်။ အများကြီးမစားနိုင်ရင်တောင် တစ်ပတ်ကို ၁လုံး ၂လုံးလောက်စစားရင်တောင် ရက်သတ္တပတ်အနည်းငယ်ကြာရင် ထူးခြားလာပါလိမ့်မယ်။

နံနံပင်

နံနံပင်က ချွေးအလွန်အမင်းထွက်တာကို သက်သာစေပါတယ်။ နံနံပင်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး၊ ပရိုတင်းဓာတ်ပါဝင်မှုများပါတယ်။ ဒါပေမယ့် နံနံပင်ကို အအေးခန်းထဲမှာ သိမ်းဆည်းထားတဲ့နေရာမှာ သူ့ရဲ့ အာနိသင်မပျောက်အောင် သိမ်းဆည်းထားဖို့တော့လိုပါတယ်။

ဘယ်ရီသီး

ဘယ်ရီသီးတွေဖြစ်တဲ့ ချယ်ရီသီး၊ Raspberries နဲ့ စတော်ဘယ်ရီတို့က ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်က ချွေးထွက်နှုန်းကိုထိန်းညှိပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ဆားကို စားသုံးတာ လျော့ပြီး အားကစားလုပ်ပေးရင်လည်း ချွေးထွက်နှုန်းကို လျော့ကျစေပါတယ်။

ဖရဲသီး

ဖရဲသီးမှာ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ဆေးကြောပေးပါတယ်။ ဖရဲသီးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို စွန့်ထုတ်ရာမှာကူညီပေးပြီး ချွေးထွက်တာကိုလည်း ထိန်းညှိပေးပါတယ်။