Autoimmune ရောဂါဆိုတာဟာ ခန္ဓာကိုယ်တွင်း အကြောင်းကြောင်းကြောင့် ခုခံအားတွေ ကစဉ့်ကလျားဖြစ်ပြီး ခန္ဓာကိုယ်ထဲက ကလာပ်စည်းတွေကို ရန်သူ အဖြစ်သတ်မှတ်ပြီး ဖျက်ဆီးတာဖြစ်ပါတယ်။ Autoimmune ရောဂါပေါင်း ၁၀၀ ကျော် ရှိပါတယ်။

Autoimmune ရောဂါက ကျန်းမာတဲ့ ဆဲလ်နဲ့ ပြင်ပကလာတဲ့ ဆဲလ်တွေမှန်းကို မခွဲခြားနိုင်တော့ဘဲ အကုန်လုံးကို တိုက်ထုတ်တာဖြစ်ပါတယ်။

စားသုံးတဲ့ အစားအစာအပေါ်မှာ Autoimmune ရောဂါတွေက သက်ရောက်မှု အများကြီး ရှိပါတယ်။

Autoimmune ရောဂါကို ပိုဆိုးစေတဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

သကြား

သကြားများတဲ့ အစားအစာတွေက ကိုယ်ခံအားစနစ်ကို ဖျားနာတာတွေ၊ ရောဂါတွေနဲ့ တခြား ဆိုးကျိုးတွေကို ကိုင်တွယ်မှု အားနည်းအောင် လုပ်ဆောင်ပေးပါတယ်။ သကြားများတဲ့ အစားအစာတွေက ကိုယ်ခံအားနစ်ကို လျော့နည်းစေပြီး ရောင်ရမ်းတာတွေကို ဖြစ်စေပါတယ်။

ကစီဓာတ်

အဓိကအားဖြင့် ဂျုံနဲ့ ပတ်သက်တဲ့ အစားအစာများဖြစ်ပါတယ်။ ဥပမာ ပေါင်မုန့်၊ ကိတ်မုန့်၊ ဂျုံခေါက်ဆွဲတို့ ဖြစ်ပါတယ်။ ကစီဓာတ်တွေကလည်း Autoimmune ရောဂါခံစားနေရသူတွေအတွက် အန္တရာယ်ရှိပါတယ်။ Autoimmune ရောဂါ ခံစားနေရသူတွေက ကစီဓာတ်ကို သဘာဝနည်းအတိုင်း မကိုင်တွယ်နိုင်တော့တာကြောင့် ကစီဓာတ်ပါတဲ့ အစားအစာတွေ စားသုံးတာများလာရင် ကိုယ်ခံအားစနစ်ကို ဖိအားပေးသလိုဖြစ်ပြီး ပိုဆိုးရွားစေပါတယ်။

နို့ထွက်ပစ္စည်းများ

Cheese

အော်ဂန်းနစ် နို့ထွက်ပစ္စည်းတောင်မှ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ Autoimmune ရောဂါ ရှိသူတွေက နွားနို့်ထဲမှာ ပါတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်အတွင်း ရောင်ရမ်းတာတွေကို ဖြစ်စေပြီး ပိုဆိုးစေပါတယ်။ ဥပမာ နွားနို့၊ ထောပတ်၊ ချီစ် တို့ ဖြစ်ပါတယ်။

နွားနို့ ချောကလက်

ချောကလက်ကိုပြုလုပ်တဲ့ Cocoa စေ့က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိပေမယ့်လည်း Autoimmune ရောဂါခံစားနေရသူတွေကတော့ နွားနို့ ချောကလက်ကို ရှောင်ကြဉ်သင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေနဲ့ ဆက်စပ်ပြီး လုပ်ထားတဲ့ အစားအစာတွေက Autoimmune ရောဂါကို ပိုဆိုးစေပါတယ်။