နှလုံးက ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သူ့အသက်ရှင်မှု၊သေဆုံးမှုတို့ကိုတောင် ဥပဒေအရ နှလုံးခုန်ခြင်း၊ ရပ်တန့်ခြင်းအပေါ် တိုင်းတာတာဖြစ်ပါတယ်။

ဒါကြောင့် အရေးပါတဲ့ နှလုံးကို ကျန်းမာစေမယ့် အစားအစာများကို ဝေမျှချင်ပါတယ်။

အဆီများတဲ့ ငါးများ

 

ငါးရဲ့ အဆီက ကျန်းမာရေးအတွက် အရမ်းကိုကောင်းပါတယ်။ ဆယ်မွန်ငါး၊ ရေချိုငါးတွေနဲ့ ငါးကြီးဆီတို့မှာပါဝင်တဲ့ အဆီတွေ၊ Omega ဓာတ်တွေက နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။

ဒါကြောင့်ငါးကို တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ကြားလောက်စားသုံးပေးသင့်ပါတယ်။

ကွေကာအုပ်

ကွေကာအုပ်တွေက အမျှင်ဓာတ်တွေအများကြီးပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးကာ အစာခြေအားကို ကောင်းစေပါတယ်။

ဘယ်ရီသီး

ဘယ်ရီသီးတွေဖြစ်တဲ့ စတော်ဘယ်ရီးသီးတွေက သွေးဖိအားကို လျော့ကျစေတာကြောင့် သွေးတိုးကို ကာကွယ်ပေးပြီး နှလုံးသွေးကြောကျဉ်းတာကို အထူးကာကွယ်ပေးပါတယ်။

အမည်းရောင် ချောကလက်

အမည်းရောင် ချောကလက်တွေက သွေးဖိအားကို ထိန်းညှိပေးပြီး သွေးကြောထုံးတာတွေနဲ့ ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။

အခွံမာအသီးများ

အခွံမာအသီးတွေမှာ ပရိုတင်းအမျှင်ဓာတ်တွေပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် E က မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးပါတယ်။