အဆုတ်က အသက်ရှင်ဖို့ အောက်စီဂျင်ကို ဖြန့်ဝေပေးတဲ့နေရာမှာ အရေးပါပါတယ်။ တချိန်တည်းမှာပဲ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကိုလည်း စွန့်ထုတ်ပေးပါတယ်။

အဆုတ်က အသက်ရှူဖို့ တင်မကပဲ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ မကောင်းတဲ့ အရာတွေ ဖယ်ရှားဖို့ လုပ်ဆောင်ပေးပါတယ်။

တရုတ်နံနံ

တရုတ်နံနံက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ တစ်ရှူးတွေထဲမှာကျန်ရှိနေတဲ့ အရည်တွေကို ဖယ်ရှားနိုင်စွမ်းရှိပြီး ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။

တရုတ်နံနံ ရေနွေးကြမ်း သို့မဟုတ် ဖျော်ရည်တို့ကို သောက်သုံးပေးပါတယ်။ ဒါမှမဟုတ် အသုပ်တွေ ဟင်းချိုတွေထဲထည့်သောက်ပေးပါ။

မုန်လာဥနီ

မုန်လာဥနီမှာ ဗီတာမင် A,C နဲ့ E တို့ ကြွယ်ဝစွာပါဝင်ပြီး ပျက်စီးနေတဲ့ ဆဲလ်နဲ့ တစ်ရှူးတွေကိုပြန်လည် ပြုပြင်နိုင်စွမ်းရှိပါတယ်။

အစိမ်းစားရင် အဆုတ်ထဲမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Green Tea

Green Tea တွေက ခန္ဓာကိုယ်အလေးချိန်ကို လျော့ချပေးရုံသာမက အဆုတ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

သူ့မှာ စွမ်းအားမြင့်တဲ့ Antioxidants ဓာတ်တွေနဲ့ ရောင်ရမ်းတာကို သက်သာစေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေရဲ့ ကျန်းမာရေးကိုလည်း ကူညီ ကာကွယ်ပေးပါတယ်။

Green Tea ကို တစ်ပတ်ကို ၃ ကြိမ်လောက် သောက်သုံးပေးပါ။